အို ထာဝရဘုရား၊ တရားမျှတမှုရရန်အတွက်ကျွန်တော်မျိုး ပန်ကြားသည်ကိုနားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ဂရုပြုတော်မူပါ။ ကျွန်တော်မျိုးသည်ရိုးဖြောင့်စွာ တောင်းလျှောက်သည်ဖြစ်၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။