Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 54:7

Common Language Bible

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့် ကြ​သည်​ကို တွေ့​မြင်​ရ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က``ငါ့​အား​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ကယ်​တော်​မူ​သော​အ​သက်​ရှင်​တော်​မူ​သော ထာဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။-

သူ​သည်​စိုး​ရိမ်​ပူ​ပန်​မှု​နှင့်​သော်​လည်း​ကောင်း၊ ကြောက်​လန့်​မှု​နှင့်​သော်​လည်း​ကောင်း​ကင်း​၏။ မိ​မိ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​သည်​ကို​မု​ချ တွေ့​မြင်​ရ​လိမ့်​မည်။

ငါ့​ကို​ကူ​မ​တော်​မူ​သော​အ​ရှင်​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​သည်​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ သည်​ကို မြင်​ရ​လိမ့်​မည်။

ကျွန်​တော်​မျိုး​အ​ပေါ်​၌​ထား​ရှိ​သော​မေတ္တာ တော်​ကို ထောက်​၍​ရန်​သူ​များ​အား​ကွပ်​မျက်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် ကျွန်​တော်​မျိုး​ကို​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူ​အ​ပေါင်း တို့​ကို သုတ်​သင်​တော်​မူ​ပါ။

သူ​တော်​ကောင်း​သည်​ဆင်း​ရဲ​ဒုက္ခ​များ​စွာ ရောက်​ရ​တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ယင်း​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။

ခို​ကိုး​ရာ​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ကို ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​ထူး​တော်​မူ​၍​သူ​တို့​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​ကို​မျှော်​ကိုး​လျက်​ပ​ညတ်​တော် တို့​ကို စောင့်​ထိန်း​လော့။ ကိုယ်​တော်​သည်​သင့်​အား​ပြည်​တော်​ကို ပိုင်​ဆိုင်​ရ​သော​အ​ခွင့်​နှင့်​ချီး​မြှင့်​တော်​မူ လိမ့်​မည်။ သင်​သည်​သူ​ယုတ်​မာ​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​သည်​ကို​မြင်​ရ​လိမ့်​မည်။

ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ချစ်​၍​ငါ့​ထံ​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို ငါ့​အား တွေ့​မြင်​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။

သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​အ​ပြစ်​ဒဏ်​သင့်​ကြ သည်​ကို သင်​သည်​ဒိ​ဌ​မြင်​ရ​လိမ့်​မည်။

ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို​ကျွန်​တော်​မျိုး မြင်​ရ​ပါ​ပြီ။ သူ​ယုတ်​မာ​တို့​ငို​ကြွေး​သံ​ကို​ကြား​ရ​ပါ​ပြီ။

သ​ခင်​ဘု​ရား​သည်​ငါ့​အား​ဘေး​အန္တ​ရာယ် အ​ပေါင်း​တို့​မှ​ကယ်​နုတ်​တော်​မူ​၍​မိ​မိ​၏ ကောင်း​ကင်​နိုင်​ငံ​တော်​သို့​လုံ​ခြုံ​စွာ​ပို့​ဆောင် တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။

ယ​နေ့​အ​ရှင်​၏​အ​သက်​ကို​အ​ကျွန်ုပ်​ချမ်း​သာ ပေး​ခဲ့​သည့်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​၏​အသက်​ကို​ချမ်း​သာ​ပေး​၍ ဆင်း​ရဲ ဒုက္ခ​အ​ပေါင်း​မှ​ကယ်​ဆယ်​တော်​မူ​ပါ​စေ သော'' ဟူ​၍​ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ