Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 53:4

Common Language Bible

ဘု​ရား​သ​ခင်​က ``သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။ သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ဝင်​များ​ထံ​မှ လု​ယူ​တိုက်​ခိုက်​၍​အ​သက်​မွေး​ကြ​ကုန်​၏။ ငါ့​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု​ကြ'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဆိုး​ညစ်​သူ​တို့​ငါ့​ကို​သတ်​ရန်​တိုက်​ခိုက်​ကြ​သော အ​ခါ သူ​တို့​သည်​ခြေ​ချော်​၍​လဲ​ကြ​၏။

ငါ​၏​လူ​စု​တော်​တို့၊သင်​တို့​သည်​အ​ဘယ် သို့​လျှင် ဤ​မျှ​အ​သိ​ဉာဏ်​တုံး​လျက်​မိုက်​မဲ​၍ နေ​နိုင်​ကြ​ပါ​သ​နည်း။ အ​ဘယ်​အ​ခါ​ကျ​မှ​တတ်​သိ​လိမ္မာ​၍ လာ​ကြ​ပါ​မည်​နည်း။

သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​တို့​သည်​ကျိုး ကျ​ခြောက်​သွေ့​လျက်​ရှိ​သ​ဖြင့် အ​မျိုး​သ​မီး များ​သည်​လာ​၍​ထင်း​ခွေ​ကြ​လေ​သည်။ လူ​တို့ သည်​အ​သိ​တ​ရား​မ​ရှိ​ကြ​သ​ဖြင့် သူ​တို့​၏ ဖန်​ဆင်း​တော်​မူ​ရှင်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သ​နား​ကြင်​နာ​က​ရု​ဏာ​ထား​တော်​မူ လိမ့်​မည်​မ​ဟုတ်။

ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​အ​သိ​အ​မှတ် မ​ပြု​သူ၊ ကိုယ်​တော်​ရှင်​အား​ပစ်​ပယ်​သူ​တို့​အ​ပေါ် အ​မျက်​တော်​ကို​သွန်း​လောင်း​တော်​မူ​ပါ။ သူ​တို့​သည်​ယာ​ကုပ်​အ​မျိုး​အား​သတ်​ဖြတ်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​အ​ကုန်​အ​စင်​သုတ်​သင် ပယ်​ရှင်း​၍ ကျွန်​တော်​မျိုး​တို့​ပြည်​ကို​လည်း​ယို​ယွင်း​ပျက်​စီး စေ​ကြ​ပါ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​သည် မိုက်​မဲ​ထုံ​ထိုင်း​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​မ​သိ ကြ။ သူ​တို့​သည်​က​လေး​မိုက်​များ​နှင့်​တူ​၏။ သူ​တို့​တွင်​အ​သိ​ပ​ညာ​မ​ရှိ။ သူ​တို့​သည်​ဒု​စ​ရိုက်​ပြု​ရာ​တွင် ကျွမ်း​ကျင်​ကြ​သော်​လည်း​သု​စ​ရိုက်​ကို​မူ မ​ပြု​တတ်​ကြ'' ဟု​မိန့်​တော်​မူ​၏။

သင်​မြင်​ရ​သော​သား​ရဲ​နှင့်​ဦး​ချို​ဆယ်​ချောင်း တို့​သည် ပြည့်​တန်​ဆာ​မ​ကို​မုန်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပြည့်​တန်​ဆာ​မ​ထံ​မှ​ရှိ​သ​မျှ ကို​ချွတ်​ယူ​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စေ​ကြ​လိမ့်​မည်။ သူ​၏​အ​သား​ကို​စား​၍​သူ့ ကို​မီး​ရှို့​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ