ဆာလံ 53:1Common Language Bibleလူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်တတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်သောအမှုတို့ကိုပြုကြလေပြီ။ မှန်ရာကိုပြုကျင့်သူတစ်ယောက်မျှမရှိ။ အခန်းကိုကြည့်ပါ။ |
အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
``ရှမာရိမြို့သည်သင်ပြုခဲ့သည့်ဒုစရိုက်၏ ထက်ဝက်ကိုပင်မပြု။ သင်သည်သူပြုသမျှ သောအမှုအပေါင်းတို့ထက် ပို၍စက်ဆုပ်ဖွယ် ကောင်းသည့်အမှုကိုပြုလေပြီ။ သင်သည်စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် သင့်ညီအစ်မ တို့ကားသင်နှင့်စာသော်အပြစ်မဲ့သူများဟု ပင်ထင်မှတ်ရ၏။-
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-
သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
သူတို့၏ဘုရားဝတ်ပြုနည်းကိုအတုမယူ ကြနှင့်။ ထိုသူတို့သည်မိမိတို့၏ဘုရားများ ကိုဝတ်ပြုရာ၌ ထာဝရဘုရားမုန်းတီးရွံ ရှာတော်မူသောအမှုများကိုပြုလုပ်ကြ သောကြောင့် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုသည့်အခါ သူတို့ကဲ့သို့ ဝတ်မပြုကြနှင့်။ ထိုသူတို့သည်မိမိတို့ ၏သားသမီးများကိုပင်ယဇ်ပလ္လင်ပေါ်၌ မီးရှို့ပူဇော်ကြ၏။-
လွန်ခဲ့သည့်ကာလကသင်တို့သည်မယုံ ကြည်သူများပြုကျင့်သကဲ့သို့အတန်ကြာ စွာပြုမူကျင့်ကြံခဲ့ကြ၏။ မပြုသင့်မပြု ထိုက်သည်ကိုပြုမူခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ သေသောက်ကြူးခြင်း၊ ပျော်ရွှင်မြူးတူးခြင်း၊ သေသောက်ပွဲများကျင်းပခြင်းနှင့်လွန်စွာ မနှစ်မြို့အပ်သည့်ရုပ်တုကိုးကွယ်ခြင်း တို့တွင်ပါဝင်ခဲ့ကြ၏။-