အချင်းလူလိမ်၊သင်သည်မိမိ၏နှုတ်အားဖြင့် လူတို့အားထိခိုက်နစ်နာအောင်ပြောဆိုရန် နှစ်သက်ပါသည်တကား။
အချင်းလိမ်လည်တတ်သူတို့၊ သင်တို့အားဘုရားသခင်သည်အဘယ်သို့ စီရင်တော်မူလိမ့်မည်နည်း။ သင်တို့အားကိုယ်တော်သည်အဘယ်သို့ ဒဏ်ခတ်တော်မူလိမ့်မည်နည်း။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသူယုတ်မာတို့၏ဘေးမှ ကွယ်ကာစောင့်ထိန်းတော်မူပါ။ ကျွန်တော်မျိုးပြိုလဲပျက်စီးစေရန်ကြံစည်သူ အကြမ်းဖက်သမားတို့၏ဘေးမှလုံခြုံစွာ ထားတော်မူပါ။
``သင်သည်အစဉ်ပင်ညစ်ညမ်းသည့်စကားကို ပြောဆိုတတ်၏။ မုသားကိုသုံးရန်အဘယ်အခါ၌မျှ နှောင့်နှေးသည်မရှိ။