Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 51:19

Common Language Bible

ထို​အ​ခါ​ကိုယ်​တော်​ရှင်​သည်​မှန်​ကန်​သည့် မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​နှစ်​သက် လက်​ခံ​တော်​မူ​လိမ့်​မည်။ နွား​လား​များ​ကို​လည်း​ကိုယ်​တော်​ရှင်​၏ ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ကြ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​မြို့​သူ​မြို့​သား​တို့ အား ဒဏ်​ခတ်​ရန်​ငါ​ခြိမ်း​ခြောက်​သည်​ကို​ကြား သိ​သော​အ​ခါ သင်​သည်​ငို​ကြွေး​ကာ​မိ​မိ​အ​ဝတ် ကို​ဆုတ်​ပြီး​လျှင် နောင်​တ​ရ​၍​ငါ​၏​ရှေ့​တော် တွင်​စိတ်​နှိမ့်​ချ​လျက်​နေ​၏။ ငါ​သည်​ဤ​မြို့​ကို ပျက်​ပြုန်း​စေ​မည်။ ဤ​မြို့​၏​နာ​မည်​သည် လူ​တို့ ကျိန်​ဆဲ​ရာ​လက်​သုံး​စ​ကား​ဖြစ်​လိမ့်​မည်။ သို့ ရာ​တွင်​ငါ​သည်​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပြီ။ သင်​တို့​သည်​သစ်​ခက်​များ​ကိုင်​၍၊ ပွဲ​သ​ဘင်​ကို​အ​စ​ပြု​ကာ​ယဇ်​ပလ္လင်​ကို​လှည့်​၍ ချီ​တက်​ကြ​လော့။

သူ​တော်​ကောင်း​သည်​ဆင်း​ရဲ​ဒုက္ခ​များ​စွာ ရောက်​ရ​တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ယင်း​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​အား​ထိုက်​လျောက်​သည့် ယဇ်​များ​ကို​ပူ​ဇော်​၍​ကိုယ်​တော်​ကို ယုံ​ကြည်​ကိုး​စား​ကြ​လော့။

``ငါ​သည်​ထာ​ဝ​ရ​အ​သက်​ရှင်​သော​ဘု​ရား၊ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​၍​သန့်​ရှင်း​မြင့်​မြတ် သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း မြင့်​မြတ်​ရာ​အ​ထက်​ဘုံ​တွင်​စံ​နေ​တော်​မူ သော်​လည်း​စိတ်​နှ​လုံး​ကြေ​ကွဲ​သူ၊ စိတ်​နှိမ့်​ချ သူ​တို့​စိတ်​ဝိ​ညာဉ်​ပြန်​လည်​လန်း​ဆန်း​အား တက်​လာ​ကြ​စေ​ရန်​ထို​သူ​တို့​ထံ​တွင်​လည်း ကျိန်း​ဝပ်​တော်​မူ​၏။-

ငါ​သည်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း တော်​မူ​ခဲ့​၍ ဤ​အ​ရာ​များ​ပေါ်​ပေါက်​လာ ရ​သည်​မ​ဟုတ်​လော။ စိတ်​နှ​လုံး​နှိမ့်​ချ​၍ နောင်​တ​ရ​သူ​များ​နှင့်​ငါ့​ကို​ကြောက်​ရွံ့ ရို​သေ​ကာ ငါ​၏​စ​ကား​ကို​နား​ထောင်​သူ များ​ကို​ငါ​နှစ်​သက်​၏။

ကိုယ်​တော်​သည်​ချေး​ညှော်​ကင်း​စင်​စေ​ရန်​ငွေ ကို​ချွတ်​သော​သူ​ကဲ့​သို့​ကြွ​လာ​၍ တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။ ရွှေ​ထည်​ငွေ​ထည်​အ​လုပ် သ​မား​သည်​ရွှေ​နှင့်​ငွေ​ကို​ချွတ်​သ​ကဲ့​သို့ ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​လေ​ဝိ​ယဇ် ပု​ရော​ဟိတ်​တို့​အား​သန့်​စင်​အောင်​ပြု​လိမ့်​မည်။ ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ လျောက်​ပတ်​သည့်​ပူ​ဇော်​သ​ကာ​များ​ကို ယူ​ဆောင်​လာ​နိုင်​ကြ​စေ​ရန်​ဖြစ်​ပေ​သည်။-

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ တို့​အား​လွန်​စွာ​က​ရု​ဏာ​ထား​တော်​မူ​သော ကြောင့် သင်​တို့​အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​လို သည်​မှာ​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ရန်​နှင့် ကိုယ်​တော်​နှစ်​သက်​သော​သက်​ရှိ​ယဇ်​ကောင် သ​ဖွယ်​ဖြစ်​ရန်​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သည်​ကား​သင်​တို့​သည်​ကိုယ်​တော် အား​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ဖြစ်​သည်။-

ခ​ရစ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မူ​၍​ငါ​တို့ အ​တွက် မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​ရာ​မွှေး​ကြိုင်​သော​ယဇ်​သ​ကာ​အ​ဖြစ် ဖြင့်​ဆက်​သ​တော်​မူ​သ​ကဲ့​သို့ သင်​တို့​သည် လည်း​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ