Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 51:13

Common Language Bible

ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​အ​ပြစ်​ကူး​သူ တို့​အား ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​သွန်​သင်​ပါ​မည်။ သူ​တို့​သည်​လည်း​အ​ထံ​တော်​သို့​ပြန်​လာ ကြ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သူ တို့​အား​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ရှေ့​တော် မှောက်​မှ​နှင်​ထုတ်​တော်​မူ​၏။ ယု​ဒ​နိုင်​ငံ​ကို သာ​ကျန်​ရှိ​စေ​တော်​မူ​၏။

ထာ​ဝရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စွန့်​တော်​မူ​၏။ သူ​တို့​အား​မျက် မှောက်​တော်​မှ​နှင်​ထုတ်​၍ ရက်​စက်​သည့်​ရန်​သူ များ​၏​လက်​သို့​အပ်​နှင်း​တော်​မူ​သည့်​တိုင် အောင်​ဒဏ်​ခတ်​တော်​မူ​၏။

ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား အ​စေ​ခံ​ပ​ရော​ဖက်​များ​အား​ဖြင့် သ​တိ ပေး​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​မျက် မှောက်​တော်​မှ​နှင်​ထုတ်​တော်​မူ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အာ​ရှု​ရိ ပြည်​သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​လျက် ထို​ပြည် တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင်​ရ​ကြ​လေ သည်။

ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည်​ပြီး​ပြည့် စုံ​လင်​အောင်​ကောင်း​မြတ်​သည်​ဖြစ်​၍​စိတ်​ဝိ​ညာဉ် ကို ပြန်​လည်​သစ်​လွင်​လန်း​ဆန်း​စေ​တတ်​၏။ ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ချက်​တို့​သည် အား​ကိုး​အား​ထား​ထိုက်​သည်​ဖြစ်​၍ မ​လိမ္မာ​သူ​တို့​ကို​လိမ္မာ​စေ​တတ်​၏။

လူ​မျိုး​တ​ကာ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​မျိုး​အ​ပေါင်း​တို့​သည် စိတ်​သ​ဘော​ပြောင်း​လဲ​၍​ကိုယ်​တော်​ကို ကိုး​ကွယ်​ဆည်း​ကပ်​ကြ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​နည်း​လမ်း​တော်​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ယင်း​တို့​ကို​ကျွန်​တော်​မျိုး​အား​သိ​ရှိ​နား​လည် စေ​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ် ဖြောင့်​မှန်​တော်​မူ​သ​ဖြင့် အ​ပြစ်​ကူး​သူ​တို့​အား​လျှောက်​လိုက်​သင့်​သည် လမ်း​ကို​ပြ​ညွှန်​တော်​မူ​၏။

ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ် များ​ကို ကိုယ်​တော်​၏​ထံ​တွင်​ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​မှား​များ​ကို အ​ထံ​တော်​မှ​ဖုံး​ကွယ်​၍​မ​ထား​ပါ။ ယင်း​တို့​ကို​ကိုယ်​တော်​အား​ဖော်​ပြ​ဝန်​ခံ​ရန် ကျွန်​တော်​မျိုး​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကူး​လွန်​မှု ရှိ​သ​မျှ​တို့​အ​တွက်​အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ​၏။

သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''

ထို​နောက်​ကိုယ်​တော်​က``ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊ သူ​တို့​၏​နား​များ​သည်​လေး​လျက်၊ မျက်​စိ​များ​သည်​လည်း​ပိတ်​လျက်​နေ​အောင်​ပြု​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ နား​မ​လည်​နိုင်​ဘဲ​နေ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​မြင်​နိုင်​ကြား​နိုင်​နား​လည်​နိုင်​ကြ​မည်​ဆို​ပါ​မူ မိ​မိ​တို့​၏​ဝိ​ညာဉ်​ဆိုင်​ရာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​ရ​အောင်​စိတ်​နှ​လုံး​ပြောင်း​လဲ​ကြ​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။

``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ဝမ်း​နည်း​ကြေ ကွဲ​လျက် လျှောက်​ထား​သည်​ကို​ငါ​ကြား​၏။ `အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​တို့​သည် ရိုင်း​သော​နွား​သူ​ငယ်​နှင့်​တူ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး တို့​အား စ​ကား​တော်​ကို​နား​ထောင်​ရန်​သွန်​သင်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လည်​ပို့​ဆောင်​တော်​မူ​ပါ။ အ​ထံ​တော်​သို့​ကျွန်​တော်​မျိုး​တို့​ပြန်​လာ​ရန် အ​သင့်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။

ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​စိတ်​ပြောင်း​လဲ ၍​က​လေး​သူ​ငယ်​ကဲ့​သို့​ဖြစ်​မှ​သာ​လျှင်​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်။-

သို့​ဖြစ်​၍​သင်​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စေ​ရန် ငါ​ဆု​တောင်း​လေ​ပြီ။ သင်​သည်​သ​တိ​တ​ရား ပြန်​လည်​ရ​ရှိ​သော​အ​ခါ​သင်​၏​ညီ​အစ်​ကို များ​အား​ခွန်​အား​ဖြည့်​တင်း​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။

``မာရ်​နတ်​၏​သား၊ လှည့်​စား​လိမ်​လည်​တတ်​သူ၊ အ​မှန်​တ​ရား​၏​ရန်​သူ၊ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဖြောင့်​မှန်​သော​တ​ရား​လမ်း​ကို ကောက်​လိမ်​အောင်​ပြု​ပါ​သည်​တ​ကား။-

အ​သင်း​တော်​ဝင်​တို့​သည်​ထို​ကိုယ်​စား​လှယ်​အ​ဖွဲ့ အား မြို့​ပြင်​သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ထို အ​ဖွဲ့​သည်​ဖိ​နိတ်​ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​တို့​ကို ဖြတ်​သွား​စဉ် လူ​မျိုး​ခြား​တို့​ဘု​ရား​သ​ခင်​ထံ သို့​ပြောင်း​လဲ​လာ​ကြ​ပုံ​ကို​ပြော​ပြ​ကြ​သ​ဖြင့် ညီ​အစ်​ကို​အ​ပေါင်း​တို့​သည်​လွန်​စွာ​ဝမ်း​မြောက် ကြ​၏။-

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ