သင်တို့သည်ငါ့အားယဇ်နှင့်မီးရှို့ရာ ပူဇော်သကာများကိုအစဉ်ဆက်သည့်အတွက် ငါသည်သင်တို့အားဝေဖန်ပြစ်တင်မှုမပြုလို။
ကိုယ်တော်ရှင်သည်ယဇ်ပူဇော်ခြင်းကို အလိုရှိတော်မမူပါ။ သို့မဟုတ်လျှင်ကျွန်တော်မျိုးသည် ယဇ်ပူဇော်ပါမည်။ ကိုယ်တော်ရှင်သည်မီးရှို့ရာပူဇော်သကာ များကို နှစ်သက်တော်မမူပါ။
ငါသည်သင်တို့၏ယဇ်ကောင်ပူဇော်ခြင်းကို အလိုမရှိ၊ သင်တို့၏မေတ္တာကိုသာအလိုရှိ ၏။ ငါ၏လူမျိုးတော်သည်ငါ့အားမီးရှို့ရာ ယဇ်ပူဇော်ခြင်းထက်ငါ့အားသိကျွမ်းခြင်း ကိုသာအလိုရှိ၏။''