Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 50:5

Common Language Bible

ကိုယ်​တော်​က``ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍​ငါ့​အား​သစ္စာ​စောင့်​သူ များ​ကို စု​ဝေး​စေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​အား​သစ္စာ​စောင့်​သူ​တို့၊​ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်​ပြု တော်​မူ​သော အ​မှု​တော်​ကို​အောက်​မေ့​သ​တိ​ရ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်​မ​ကောင်း​မှု​ကို မုန်း​သော​သူ​တို့​အား​ချစ်​တော်​မူ​၏။ မိ​မိ​လူ​စု​တော်​၏​စည်း​စိမ်​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​သူ​ယုတ်​မာ​တို့ ၏​လက်​မှ ကယ်​ဆယ်​တော်​မူ​၏။

မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မျက်​တော်​ရှ သော​သူ​တို့​ကို​ဒဏ်​ခတ်​ရန်​အ​တွက် မိ​မိ​၏ ယုံ​ကြည်​စိတ်​ချ​ဂုဏ်​ယူ​ဝါ​ကြွား​ထိုက်​သော စစ်​သည်​တော်​တို့​ကို​ခေါ်​ယူ​တော်​မူ​ပြီ။

သင်​တို့​သည်​တောင်​နှစ်​ခြမ်း​ခွဲ​ရာ​ချိုင့်​ဝှမ်း လမ်း​ဖြင့်​ထွက်​ပြေး​လွတ်​မြောက်​ကြ​လိမ့် မည်'' ဟု​ယု​ဒ​ဘု​ရင်​သြ​ဇိ​၏​လက်​ထက် ၌​မြေ​င​လျင်​လှုပ်​စဉ်​အ​ခါ​က သင်​တို့ ၏​ဘိုး​ဘေး​များ​ထွက်​ပြေး​ရကြ​သ​ကဲ့ သို့​သင်​တို့​သည်​လည်း​ထွက်​ပြေး​ရကြ လိမ့်​မည်။ ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​နှင့်​အ​တူ​ကောင်း​ကင် တ​မန်​များ​ကို​ခေါ်​ဆောင်​ကာ​ကြွ​လာ တော်​မူ​လိမ့်​မည်။

ထို​နောက်​လူ​သား​သည်​ကြီး​မား​သော​တံ​ပိုး​ခ​ရာ ကို​မှုတ်​စေ​ပြီး​လျှင်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ အား အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍​ကမ္ဘာ​မြေ ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​ရှိ​ကြ​သော ကိုယ် တော်​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​တို့​ကို​စု သိမ်း​စေ​တော်​မူ​လိမ့်​မည်။

ဤ​စ​ပျစ်​ရည်​ကား​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​သော၊ လူ​တို့​အ​ပြစ်​ပြေ လွှတ်​ရန်​အ​တွက်​သွန်း​သော​ငါ​၏​သွေး​ဖြစ်​၏။-

ဤ​နည်း​အား​ဖြင့်​ကိုယ်​တော်​သည်​သင်​တို့​ကို ကြံ့​ခိုင်​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​အ​ရှင်​သ​ခင် ယေ​ရှု​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း တို့​နှင့်​အ​တူ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သန့်​ရှင်း မြင့်​မြတ်​သူ​များ​ဖြစ်​ကြ​ပေ​အံ့။

ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​တစ် ဖန်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း၊ ကိုယ်​တော် နှင့်​အ​တူ​ရှိ​ရန်​ငါ​တို့​စု​ရုံး​ရ​ကြ​ခြင်း အ​ကြောင်း​တို့​နှင့်​ပတ်​သက်​၍​သင်​တို့​အား ငါ​ပြော​လို​၏။-

သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။

အ​သက်​တော်​ကို​တင်​လှူ​ပူ​ဇော်​တော်​မူ​ခြင်း အား​ဖြင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို​တံ​ဆိပ် ခတ်​နှိပ်​တော်​မူ​သ​ဖြင့် သိုး​ထိန်း​ကြီး​ဖြစ် တော်​မူ​သော​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု အား​ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ငြိမ် သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင်​၏​အ​လို တော်​ကို​လိုက်​လျှောက်​နိုင်​ကြ​စေ​ရန် ကိုယ် တော်​သည်​သင်​တို့​အား​ကောင်း​မြတ်​သော အ​ရာ​ဟူ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ပါ​စေ သော။ ကိုယ်​တော်​သည်​မိ​မိ​နှစ်​သက်​တော် မူ​ဖွယ်​ရာ​ကို ငါ​တို့​၌​ယေ​ရှု​ခ​ရစ်​အား ဖြင့်​ပြု​တော်​မူ​ပါ​စေ​သော။ ခ​ရစ်​တော် သည်​ကမ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​သ​တည်း။ အာ​မင်။

အာ​ဒံ​မှ​ဆင်း​သက်​၍​သ​တ္တမ​ဆက်​မြောက် သော​သူ​ဧ​နောက်​က ဤ​သူ​တို့​အ​ကြောင်း​နှင့် ပတ်​သက်​၍``ဘု​ရား​သ​ခင်​သည်​အ​တိုင်း​မ​သိ များ​စွာ​သော မိ​မိ​၏​မြင့်​မြတ်​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​များ​နှင့်​ကြွ​လာ​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ