ဆာလံ 50:3Common Language Bibleငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်မော်၍ကြည့်လိုက်သောအခါမြောက်အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကိုမြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်းလျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည်ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက်နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေးဝါနှင့်တူသောအရာတစ်ခုသည်အရောင်လက်၍နေ၏။-
ထိုပလ္လင်တော်မှမြစ်သဖွယ်မီးရောင်ခြည်ထွက်လျက်နေ၏။ ထိုအရပ်တွင်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်သူထောင်ပေါင်းများစွာရှိ၏။ ရှေ့တော်တွင်ရပ်လျက်ခစားနေသူလည်းသန်းပေါင်းများစွာရှိပေသည်။ တရားစီရင်တော်မူချိန်စတော့မည်ဖြစ်သဖြင့်စာစောင်များဖွင့်ထားလျက်ရှိ၏။
သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။-