Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 50:18

Common Language Bible

သင်​သည်​သူ​ခိုး​နှင့်​တွေ့​လျှင်​မိတ်​ဖွဲ့​တတ်​၏။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​သူ​တို့​နှင့်​လည်း ပေါင်း​ဖော်​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယော​န​ဒပ်​က``သင်​သည်​ဖျား​နာ​ဟန်​ပြု​၍ အိပ်​ရာ​ပေါ်​တွင်​နေ​လော့။ သင့်​ခ​မည်း​တော် လာ​၍​ကြည့်​သော​အ​ခါ`နှ​မ​တော်​တာ​မာ အား​အ​ကျွန်ုပ်​ထံ​သို့​စေ​လွှတ်​၍ အ​ကျွန်ုပ် အား​အ​စား​အ​စာ​ကျွေး​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ရှေ့​တွင်​သူ​ချက်​၍ သူ့​လက်​ဖြင့် ကျွေး​သော​အ​စား​အ​စာ​ကို​စား​လို​ပါ သည်' ဟု​လျှောက်​ထား​လော့'' ဟု​အ​ကြံ ပေး​၏။-

သို့​ရာ​တွင်​သင်​တို့​သည်​တံ​စိုး​လက်​ဆောင်​ရ ခဲ့​သော် အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​မ​ပေး​ဘဲ လွှတ်​ပစ်​ကာ၊ အ​ပြစ်​မဲ့​သူ​တို့​ကို​မူ​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​၍​မ​ပေး​ကြ။-

တစ်​စုံ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မ​ယား​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​လုပ်​ရန်​စိတ် အား​ထက်​သန်​ကြ​၏။ အ​ရာ​ရှိ​များ​နှင့် တ​ရား​သူ​ကြီး​များ​သည် တံ​စိုး​လက်​ဆောင် တောင်း​တတ်​ကြ​၏။ သြ​ဇာ​ရှိ​သော​သူ​၏ အ​လို​ဆန္ဒ​ကို​လိုက်​၍ သူ​တို့​သည်​မ​ကောင်း မှု​ကို​အ​တူ​တ​ကွ​ကြံ​စည်​ကြ​၏။-

ထို​နောက်​သင်​တို့​က `ငါ​တို့​သာ​ဘိုး​ဘေး​တို့​၏​ခေတ် က​အ​သက်​ရှင်​ခဲ့​မည်​ဆို​ပါ​က၊ ပ​ရော​ဖက်​များ​ကို သတ်​ဖြတ်​သည့်​အ​မှု​တွင်​ပါ​ဝင်​ခဲ့​ကြ​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏။-

ဤ​သို့​သော​အ​ကျင့်​ရှိ​သူ​တို့​သည်​သေ​ဒဏ်​ခံ ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​ချက်​ကို​ထို သူ​တို့​သိ​လျက်​ပင် မိ​မိ​တို့​ကိုယ်​တိုင်​ဤ​အ​မှု များ​ကို​ဆက်​လက်​၍​ပြု​ကျင့်​ကြ​သည်​သာ မ​က၊ ဤ​သို့​ပြု​ကျင့်​ကြ​သူ​များ​ကို​လည်း အား​ပေး​အား​မြှောက်​ပြု​ကြ​သည်​တ​ကား။

မည်​သူ့​ကို​မျှ​သိက္ခာ​တင်​မင်္ဂလာ​ပေး​ရန်​အ​လျင် စ​လို​မ​ရှိ​နှင့်။ အ​ခြား​သူ​တို့​အ​ပြစ်​ကူး​ရာ တွင်​သင်​မ​ပါ​စေ​နှင့်။ သင်​ကိုယ်​တိုင်​အ​ပြစ် ကင်း​အောင်​နေ​လော့။

ထိမ်း​မြား​မင်္ဂလာ​ပြု​ခြင်း​အ​မှု​ကို​လူ​တိုင်း လေး​စား​ကြ​ရ​မည်။ လင်​နှင့်​မ​ယား​သည် တစ်​ဦး​ကို​တစ်​ဦး​သစ္စာ​ရှိ​ရ​မည်။ ဘု​ရား သ​ခင်​သည်​အ​ကျင့်​ပျက်​သူ​များ​နှင့်​သူ တစ်​ပါး​အိမ်​ရာ​ပြစ်​မှား​သူ​များ​ကို​တ​ရား စီ​ရင်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ