ဆာလံ 5:8Common Language Bibleအို ထာဝရဘုရား၊ ကျွန်တော်မျိုးမှာရန်သူများစွာရှိပါ၏။ ကိုယ်တော်၏အလိုတော်အတိုင်းပြုကျင့်ရန် ကျွန်တော်မျိုးအားလမ်းပြတော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်ရှင် လိုက်လျှောက်စေလိုသည့်လမ်းကို ဖြောင့်ဖြူးစေတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏မြင့်မြတ် သန့်ရှင်းသောဗိမာန်တော်ကိုမျက်နှာမူလျက် ဦးညွှတ်ပျပ်ဝပ်ကာကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်နှင့်သစ္စာတော်ကြောင့်နာမတော်ကို ထောမနာပြုပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်၏ နာမတော်နှင့်ကတိတော်တို့သည် အထွတ်အမြတ်ဆုံးဖြစ်ကြောင်းပြသ တော်မူပြီ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ခိုလှုံရန် ချဉ်းကပ်ပါ၏။ ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးနိမ့်စေတော်မမူပါနှင့်။ ကိုယ်တော်ရှင်သည်တရားမျှတတော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွန်တော်မျိုးပန်ကြားလျှောက်ထားပါ၏။