Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 49:3

Common Language Bible

ငါ​သည်​ရှင်း​လင်း​ပြတ်​သား​စွာ​တွေး​တော​ဆင် ခြင်​မည်။ အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ကို ပြော​ဆို​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။

ပြောစရာမရှိလျှင်၊ တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကိုငါသွန်သင်ပါမည် ဟု မြွက်ဆို၏။

ကိုယ်​တော်​သည်​ငါ့​ကို​ဝမ်း​မြောက်​စေ​တော်​မူ​သည် ဖြစ်​၍ ငါ​ဆို​သော​သီ​ချင်း​ကို​ကိုယ်​တော်​နှစ်​သက် တော်​မူ​ပါ​စေ​သော။

ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို ရှင်း​လင်း​ဖော်​ပြ​မှု​သည်​အ​လင်း​ကို​ပေး​၍ ပ​ညာ​မဲ့​သူ​တို့​ကို​ပ​ညာ​ရ​ရှိ​စေ​ပါ​၏။

ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​ရွေး​နုတ်​တော်​မူ​သော အ​ရှင်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​နှုတ်​ထွက်​စ​ကား​များ​နှင့် စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​သည်​ရှေ့​တော် ၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။

သူ​တော်​ကောင်း​သည်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​ရှိ​သော စ​ကား​ကို​ပြော​ဆို​တတ်​၏။ သူ​သည်​အ​စဉ်​ပင်​တ​ရား​မျှ​တ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​ဖို့​အ​လို့​ငှာ သူ​တော်​ကောင်း​အား​ရွေး​ချယ်​ထား​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။ ငါ​ခေါ်​သော​အ​ခါ​ကိုယ်​တော်​ကြား​တော်​မူ​၏။

မင်း​ကြီး​၏​အ​တွက်​ဤ​သီ​ချင်း​ကို​ငါ​ရေး​စပ်​နေ​စဉ် ငါ​၏​စိတ်​နှ​လုံး​သည်​မင်္ဂလာ​စ​ကား​များ​နှင့် ပြည့်​လျှံ​လျက်​ရှိ​ပါ​၏။ ငါ​၏​နှုတ်​သည်​စာ​ရေး​ဆ​ရာ​ကောင်း​တစ် ယောက်​၏ က​လောင်​နှင့်​တူ​ပါ​၏။

သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။

ကောင်း​မြတ်​သော​သူ​သည်​မိ​မိ​၏​ကောင်း​မြတ်​သော စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ​ကောင်း​မြတ်​သော အ​ရာ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သော​သူ​သည် မိ​မိ​ဆိုး​ယုတ်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း မှ​ဆိုး​ယုတ်​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။

ငါ့​သွန်​သင်​ချက်​သည်​မိုး​ပေါက်​ကဲ့​သို့​ကျ​၍ မြေ​ပေါ်​တွင်​နှင်း​ပေါက်​ကဲ့​သို့​တင်​ရှိ​လိမ့်​မည်။ ငါ့​စ​ကား​သည်​အ​ပင်​ငယ်​များ​ပေါ်​သို့ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​နု​ပေါ်​တွင်​ကျ​သော​မိုး​ဖွဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ