Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 47:7

Common Language Bible

ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​၏​ဘု​ရင် ဖြစ်​တော်​မူ​၏။ သီ​ချင်း​များ​ဖြင့်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သည်​မှာ ခ​ဏ​သာ​လျှင်​ဖြစ်​၏။ ကျေး​ဇူး​ပြု​တော်​မူ​သည်​ကား​တစ်​သက်​လုံး ဖြစ်​သ​တည်း။ ညဥ့်​အ​ခါ​၌​မျက်​ရည်​များ​ပင်​ကျ​စေ​ကာ​မူ မိုး​သောက်​ချိန်​၌​ကား​ဝမ်း​မြောက်​ရွှင်​လန်း ခွင့်​ကို ရ​ရှိ​တတ်​၏။

အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် ကြောက်​မက်​ဖွယ်​ကောင်း​ပေ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်​ဖြစ်​တော် မူ​၏။

ဘု​ရား​သ​ခင်​သည်​သန့်​ရှင်း​မြင့်​မြတ်​သော ရာ​ဇ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ တိုင်း​နိုင်​ငံ​အ​ပေါင်း​ကို​အုပ်​စိုး​တော်​မူ​၏။

ထို​အ​ခါ​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း​ကိုယ်​တော်​အား မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​အ​ဖြစ်​ဝတ်​ပြု​ကိုး​ကွယ်​ကာ ထို​နာ​မ​တော်​တစ်​ပါး​တည်း​ဖြင့်​သိ​မှတ် ကြ​လိမ့်​မည်။

ခ​ရစ်​တော်​၏​ပြည့်​စုံ​ကြွယ်​ဝ​သည့်​တ​ရား တော်​အား သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင်​ကိန်း အောင်း​စေ​ကြ​လော့။ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​ဖြင့် အ​ချင်း​ချင်း​အား​သွန်​သင်​ဆုံး​မ​ခြင်း​ကို ပြု​ကြ​လော့။ ဆာ​လံ​သီ​ချင်း၊ အ​မျိုး​မျိုး သော​ဋ္ဌမ္မ​သီ​ချင်း​များ​ကို​ဘု​ရား​သ​ခင် အား​စိတ်​နှ​လုံး​ထဲ​တွင်​ကျေး​ဇူး​တင်​လျက် သီ​ဆို​ကြ​လော့။-

ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ