Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 47:4

Common Language Bible

ကိုယ်​တော်​သည်​ငါ​တို့​နေ​ထိုင်​ရာ​ပြည်​ကို ရွေး​ချယ်​ပေး​တော်​မူ​၏။ ထို​ပြည်​ကား​ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ သော လူ​စု​တော်​ပိုင်​ဆိုင်​၍​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​ဖြစ် ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​ပြည်​နယ်​များ​ကို​ကိုယ်​တော်​သည်​မိ​မိ​၏ အ​စေ​ခံ​ဣ​သ​ရေ​လ​အား​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ​စောင့်​သော​လူ​စု တော်​သည် ထူး​မြတ်​လှ​ပါ​သည်​တ​ကား။ ငါ​၏​အ​နှစ်​သက်​ဆုံး​အ​ရာ​သည်​ထို​သူ​တို့ နှင့်​အ​တူ နေ​ထိုင်​ခွင့်​ပင်​ဖြစ်​ပါ​၏။

``သင်​သည်​လူ​သူ​ဆိတ်​ငြိမ်​လျက်​စွန့်​ပစ်​မုန်း​တီး ခြင်း​ကို ခံ​ရ​သော​မြို့​ဖြစ်​တော့​မည်​မ​ဟုတ်။ ငါ​သည်​သင့်​ကို​ခမ်း​နား​ကြီး​ကျယ်​လှ​ပ​စေ​၍ ကာ​လ​အ​စဉ်​အ​ဆက် ရွှင်​လန်း​ချမ်း​မြေ့​ဖွယ်​ကောင်း​သည့်​မြို့​ဖြစ်​စေ​မည်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အား​သား​အ​ဖြစ်​လက်​ခံ​၍ ပျော်​မွေ့​ဖွယ်​ကောင်း​သော​ပြည်၊ ကမ္ဘာ​ပေါ်​တွင်​အ​သာ​ယာ​ဆုံး​သော​ပြည်​ကို ပေး​အပ်​ရန်​ငါ​အ​လို​ရှိ​ခဲ့​၏။ သင်​သည်​ငါ့​အား​အ​ဖ​ဟု​ခေါ်​၍​အ​ဘယ်​အ​ခါ ၌​မျှ ငါ့​အား​ကျော​မ​ခိုင်း​ဘဲ​နေ​ရန်၊ငါ​အ​လို​ရှိ​ခဲ့​၏။

သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-

ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​ကို​ငါ့​ထံ​သို့ ပြန်​လာ​စေ​မည်။ ငါ​သည်​သူ​တို့​အား​အ​ကြွင်း​မဲ့​ချစ်​မည်။ သူ​တို့​အ​ပေါ်​၌​အ​မျက်​တော်​ပြေ​ပြီ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​၏​မာ​န​ကို​ငါ​ရွံ​ရှာ ၏။ သူ​တို့​စည်း​စိမ်​ခံ​ရာ​အိမ်​ကြီး​များ​ကို လည်း​ငါ​စက်​ဆုတ်​၏။ သူ​တို့​မြို့​တော်​နှင့်​မြို့ တွင်း​ရှိ​အ​ရာ​အား​လုံး​ကို ရန်​သူ့​လက်​သို့ ငါ​ပေး​အပ်​လိုက်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​သ​တိ ပေး​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​၏ ယုတ်​မာ​မှု​များ​ကို ဘယ်​သော​ခါ​မှ​မ​မေ့ နိုင်​ဟု​ယာ​ကုပ်​၏​ဘုန်း​တန်​ခိုး​ကို​တိုင်​တည် ၍​ကျိန်​ဆို​တော်​မူ​ပြီ။-

(ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား ရန်​သူ​များ​လု​ယက်​တိုက်​ခိုက်​မှု​မ​ပြု​မီ အ​ခါ​က အ​ခြေ​အ​နေ​သို့​ပြန်​လည်​ရောက် ရှိ​စေ​တော်​မူ​တော့​အံ့။)

ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​သင်​တို့​အား​အ​စဉ်​အ​မြဲ ချစ်​မြတ်​နိုး​ပါ​၏'' ဟု​မိန့်​တော်​မူ​သော် လည်း၊ သူ​တို့​က``ကျွန်​တော်​မျိုး​အ​တွက်​မေတ္တာ​တော် ကို​အ​ဘယ်​သို့​ကိုယ်​တော်​ရှင်​ပြ​တော်​မူ​ခဲ့ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း``ဧ​သော​နှင့် ယာ​ကုပ်​သည်​ညီ​အစ်​ကို​တော်​သော်​လည်း ငါ သည်​ယာ​ကုပ်​နှင့်​သား​မြေး​များ​ကို​ချစ်​၍၊-

ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ယာ​တော်​ဘက် တွင်​ရှိ​သော​သူ​တို့​အား `ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သူ​တို့၊ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍​သင်​တို့​အ​တွက်​ပြင်​ဆင်​ထား​တော်​မူ​သည့် နိုင်​ငံ​တော်​ကို​ခံ​ယူ​ကြ​လော့။-

ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဘယ်​သို့​သော အ​ရာ​ကို​မျှော်​လင့်​ကြ​စေ​ရန်​ခေါ်​ယူ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​စု တော်​အား​က​တိ​ထား​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​မှာ အ​ဘယ် မျှ​များ​ပြား​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည် သူ​ငါ​တို့​အ​တွင်း​၌​လုပ်​ဆောင်​လျက်​ရှိ သော​တန်​ခိုး​တော်​သည်​အ​ဘယ်​မျှ​ကြီး မား​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​မြင် ကြ​စေ​ရန်​သင်​တို့​၏​ဉာဏ်​မျက်​စိ​ကို​ပွင့် လင်း​စေ​တော်​မူ​ပါ​မည့်​အ​ကြောင်း ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​တို့​အ​တွင်း ၌​လုပ်​ဆောင်​လျက်​ရှိ​သည့်​တန်​ခိုး​တော် ကား၊-

သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​နှစ်​ပတ်​လုံး​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ သော​ပြည်​ဖြစ်​သည်။''

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​ကို ချစ်​တော်​မူ​၏။ မိ​မိ​ပိုင်​ဆိုင်​သူ​တို့​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​ခြေ​တော် ကို ဦး​တိုက်​လျက်​ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း ကြ​၏။

သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု တော်​အ​တွက် ဘု​ရား​သ​ခင်​လျာ​ထား​တော် မူ​သော​ကောင်း​ချီး​မင်္ဂလာ​များ​ကို​ခံ​စား​နိုင် ရန်​မျှော်​မှန်း​ကြ​ပေ​သည်။ ကိုယ်​တော်​သည် ထို​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ကောင်း​ကင် ဘုံ​တွင် သင်​တို့​အ​ဖို့​လျာ​ထား​တော်​မူ​၏။ ယင်း​တို့​သည်​ယို​ယွင်း​ပျက်​စီး​မှေး​မှိန်​၍ မ​သွား​နိုင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ