Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 45:9

Common Language Bible

အ​ရှင်​မင်း​ကြီး​၏​မောင်း​မ​တော်​တို့​တွင် အ​ပြည်​ပြည်​မှ​မင်း​သ​မီး​များ​ပါ​ဝင်​ပါ​၏။ ရာ​ဇ​ပလ္လင်​တော်​၏​လက်​ယာ​ဘက်​တွင် ရွှေ​စင်​ဖြင့်​ပြီး​သော​တန်​ဆာ​များ​ကို​ဆင်​ယင်​ကာ မိ​ဖု​ရား​ကြီး​သည်​ရှိ​နေ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သြ​ဖိ​ရ​မြို့​မှ​ရွှေ​များ​ကို​တင်​ဆောင်​လာ​သော ဟိ​ရံ​၏​သင်္ဘော​စု​သည် စန္ဒ​ကူး​သား​နှင့်​ကျောက် မျက်​ရ​တ​နာ​မြောက်​မြား​စွာ​ကို​လည်း​ယူ ဆောင်​ခဲ့​လေ​သည်။-

ဗာ​သ​ရှေ​ဘ​သည်​အ​ဒေါ​နိ​ယ​အ​တွက် လျှောက်​ထား​ရန် မင်း​ကြီး​ထံ​သို့​သွား​လေ​၏။ မင်း​ကြီး​သည်​လည်း​မယ်​တော်​ကို​ခ​ရီး​ဦး ကြို​ပြု​အံ့​သော​ငှာ ထ​၍​ဦး​ညွှတ်​ပြီး​လျှင် ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ ထို့​နောက် အ​ခြား​ပလ္လင်​တစ်​ခု​ခု​ကို​ယူ​ခဲ့​စေ​၍ မယ် တော်​အား​မိ​မိ​၏​လက်ယာ​ဘက်​တွင်​ထိုင်​စေ တော်​မူ​၏။-

သို့​ရာ​တွင်​သင်​သည်​သူ့​ကို​အ​ပြစ်​ဒဏ်​မ​စီ ရင်​ဘဲ​မ​နေ​နှင့်။ ပြု​ရ​မည့်​အ​မှု​ကို​သင်​သိ သည်​အ​တိုင်း​သူ့​အား​သေ​ဒဏ်​စီရင်​ရ​မည်'' ဟု​မှာ​ကြား​တော်​မူ​၏။

ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသိုထားရလိမ့်မည်။

မင်း​သ​မီး​သည်​နန်း​တွင်း​သို့​ရောက်​လေ​ပြီ။ သူ​သည်​အ​လွန်​လှ​ပ​တင့်​တယ်​ပါ​သည်​တ​ကား။ သူ​၏​ဝတ်​လဲ​တော်​ကို​ရွှေ​ချည်​ဖြင့် ရက်​လုပ်​ထား​ပေ​သည်။

စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။ အာ​ရေ​ဗျ​ပြည်​နှင့်​အဲ​သ​ရော​ပိ​ပြည်​မှ ရှင်​ဘု​ရင်​များ​သည်​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​လာ​ကြ​ပါ​လိမ့်​မည်။

ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။

သင်၏ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံး ဖြစ်ပါ၏။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံ ဖြစ်ပါ၏။

ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။

မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သိမ်း​ပိုက်​ရ သူ​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သား​ဖြစ်​၏။ သ​တို့ သား​၏​မိတ်​ဆွေ​သည်​ကား​အ​ဆင်​သင့်​စောင့် ဆိုင်း​ကာ သ​တို့​သား​၏​အ​သံ​ကို​နား​ထောင် လျက်​နေ​၏။ သူ​သည်​သ​တို့​သား​၏​အ​သံ​ကို ကြား​သော် လွန်​စွာ​အား​ရ​ဝမ်း​မြောက်​သ​ကဲ့ သို့ ငါ​သည်​လည်း​အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​ရ လေ​ပြီ။-

သိုး​သူ​ငယ်​တော်​၏​ထိမ်း​မြား​မင်္ဂလာ​ပွဲ​အ​ခါ ကျ​ရောက်​ပြီ​ဖြစ်​၍​ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း မြောက်​လျက် ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​မွမ်း ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​ကိုယ်​ကို​အ​သင့်​ပြင်​ဆင် ထား​လေ​ပြီ။-

ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သော​မြို့​ကြီး​ဖြစ်​သည့်​ယေ​ရု ရှ​လင်​မြို့​သစ်​သည် သ​တို့​သား​အ​တွက်​အ​ဝတ် တန်​ဆာ​ဆင်​ယင်​ထား​သည့်​သ​တို့​သ​မီး​ကဲ့​သို့ ပြင်​ဆင်​လျက်​သက်​ဆင်း​လာ​သည်​ကို​ငါ​မြင် ရ​၏။-

လူ​မျိုး​တ​ကာ​တို့​သည်​ထို​မြို့​၏​အ​လင်း​ရောင်​ကို အ​မှီ​ပြု​၍​သွား​လာ​ကြ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​ရှင် ဘု​ရင်​တို့​သည်​လည်း​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-

ထို​နောက်​နောက်​ဆုံး​ဘေး​ဒဏ်​ခု​နစ်​ပါး​ဖြင့် ပြည့်​သော​ခွက်​ဖလား​ခု​နစ်​လုံး​ကို ကိုင်​ထား​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​အ​နက်​တစ်​ပါး သည်​ငါ့​ထံ​သို့​လာ​၍``လာ​ပါ။ သိုး​သူ​ငယ်​၏ ဇနီး​တည်း​ဟူ​သော​မင်္ဂလာ​ဆောင်​သ​တို့​သ​မီး ကို​သင့်​အား​ငါ​ပြ​မည်။'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ