ကျွန်တော်မျိုး၏သီချင်းသည်အရှင်မင်း ကြီးအား ထာဝစဉ်ထင်ပေါ်ကျော်ကြားစေပါလိမ့်မည်။ လူအပေါင်းတို့သည်လည်းအရှင်မင်းကြီးအား ကာလအစဉ်အဆက်ချီးမွမ်းကြပါလိမ့်မည်။
အို ထာဝရဘုရား၊ ကမ္ဘာမြေကြီးပေါ်ရှိဘုရင်အပေါင်းတို့သည် ကိုယ်တော်ရှင်၏ကတိတော်များကိုကြား သိရသဖြင့် ကိုယ်တော်ရှင်အားထောမနာပြုကြပါလိမ့်မည်။
လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ထွန်းလင်း လျက်၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်လျက်၊ နံနက်ကဲ့သို့ မျှော်ရှုသော သတို့သမီးကား၊ အဘယ်သူ နည်း။
သင်တို့နှင့်ပဋိညာဉ်ပြုမည်။ ငါသည်သင်တို့ အားငါ၏ဝိညာဉ်တော်နှင့်သြဝါဒများကို ပေးအပ်ခဲ့လေပြီ။ ယင်းတို့ကိုယခုမှစ၍ သင်တို့နှင့်သင်တို့၏သားမြေးများသည် ကာလအစဉ်အဆက်လိုက်နာစောင့်ထိန်း ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သူတို့သည်လူမျိုးတကာတို့တွင်ထင်ပေါ် ကျော်ကြားကြလိမ့်မည်။ သူတို့ကားငါ၏ကောင်းချီးမင်္ဂလာကို ခံစားရကြသူများဖြစ်ကြောင်း သူတို့ကိုမြင်သူအပေါင်းတို့သိရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သင်သည်ထာဝရဘုရားအတွက် အလွန်လှပတင့်တယ်သောဦးရစ်သရဖူသဖွယ် ဖြစ်လိမ့်မည်။
ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သတင်းကောင်းကိုကမ္ဘာအရပ်ရပ်တွင်ကြေ ညာသောအခါ ဤအမျိုးသမီးကိုအောက်မေ့ သတိရကြစေရန် သူပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့သည်ထိုမုန့်ကိုစား၍ထိုခွက်ဖလား မှစပျစ်ရည်ကိုသောက်သည့်အခါတိုင်းသခင် ဘုရားအသေခံတော်မူကြောင်းကိုကိုယ်တော် ကြွလာတော်မူချိန်တိုင်အောင်ကြေညာကြ၏။-