ထတော်မူ၍ကျွန်တော်မျိုးတို့အားကူမ တော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ထောက်၍ ကယ်တော်မူပါ။
အရေးရှုံးနိမ့်၍ကွန်တော်မျိုးသည် မြေမှုန့်၌လဲလက်ရှိသဖြင့် ကတိတော်ရှိသည်အတိုင်းအသက်ရှင်စေတော် မူပါ။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဣသရေလလူမျိုးအား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူပါ။
ကျွန်တော်မျိုးမူကားမှန်ရာကိုပြုကျင့်ပါ၏။ ကျွန်တော်မျိုးအားကရုဏာထားတော်မူ၍ ကယ်တော်မူပါ။
ကိုယ်တော်ရှင်၏ဒိုင်းလွှားကိုကိုင်ဆွဲ၍ ကျွန်တော်မျိုးအားကူမရန်ကြွတော်မူပါ။