ဆာလံ 44:14Common Language Bibleကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လူမျိုးတကာတို့မထီမဲ့မြင်ပြုစရာ ဖြစ်စေတော်မူပါပြီ။ သူတို့သည်ကျွန်တော်မျိုးတို့အားမခိုးမခန့် ဦးခေါင်းညိတ်၍ပြကြပါ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ယခုငါသည်သူတို့အား``ယေရု ရှလင်မြို့သည်ယိုယွင်းပျက်စီးလျက်မြို့ရိုး များသည်လည်းပြိုကျလျက်နေသဖြင့် ငါ တို့အဘယ်သို့ဒုက္ခရောက်နေသည်ကိုသင် တို့သိကြ၏။ ငါတို့ဆက်လက်၍အရှက်ကွဲ ခြင်းမခံရစေရန်မြို့ရိုးတို့ကိုပြန်လည် ပြုပြင်ကြကုန်အံ့'' ဟုပြောဆိုပြီးလျှင်၊-
ငါသည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ထိတ် လန့်တုန်လှုပ်သွားလောက်အောင် ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသူတို့အပေါ်သို့သက် ရောက်စေမည်။ သူတို့အားလူတို့သည်ပြက် ရယ်ပြုကြလိမ့်မည်။ သူတို့၏အကြောင်း ကိုပြက်လုံးထုတ်လျက်သရော်ပြောဆို ကြလိမ့်မည်။ သူတို့အားငါကွဲလွင့်စေ သည့်အရပ်မှန်သမျှတို့၌လည်း သူတို့ ၏အမည်နာမကိုကျိန်ဆဲရာတွင် အသုံးပြုကြလိမ့်မည်။-