ဆာလံ 42:2Common Language Bibleအသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။ ကျွန်တော်မျိုးသည်အဘယ်အခါမှ ကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။ အခန်းကိုကြည့်ပါ။ |
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်မူကား စစ်မှန်သောဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားသခင်၊ထာဝရဘုရင်ဖြစ်တော် မူပါ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်ပါ၏။ လူမျိုးတကာတို့သည်အမျက်တော်အရှိန်ကို မခံမရပ်နိုင်ကြပါ။
ငါ၏အင်ပါယာနိုင်ငံတစ်လျှောက်လုံး ရှိလူအပေါင်းတို့၊ သင်တို့သည်ဒံယေလ ကိုးကွယ်သောဘုရားသခင်အားကြောက် ရွံ့ရိုသေကြရမည်ဖြစ်ကြောင်းငါ အမိန့်တော်ရှိသည်။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားဖြစ်တော်မူ၍၊ ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်အဘယ်အခါ ၌မျှ ပျက်စီးရလိမ့်မည်မဟုတ်။ ကိုယ်တော်၏တန်ခိုးတော်သည်လည်း အဘယ်အခါ၌မျှကုန်ဆုံးလိမ့်မည် မဟုတ်။
သင်တို့ထံငါတို့လာရောက်စဉ်အခါက သင်တို့အဘယ်သို့ဧည့်ခံကြိုဆိုကြကြောင်း ကိုလည်းကောင်း၊ အသက်ရှင်တော်မူသောဘုရား စစ်ဘုရားမှန်ကိုကိုးကွယ်နိုင်ရန်နှင့် ကောင်းကင် ဘုံမှကိုယ်တော်၏သားတော်ကြွလာတော်မူ မည်ကိုစောင့်မျှော်နိုင်ရန် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံတော်သို့သင်တို့အဘယ်သို့ ချဉ်းကပ်လာကြကြောင်းကိုလည်းကောင်း ထို သူအပေါင်းတို့ပြောဆို၏။ ထိုသားတော် ယေရှုကားသေခြင်းမှဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသော၊ သက် ရောက်မည့်အမျက်တော်မှငါတို့အား ကယ်ဆယ်တော်မူသောအရှင်ဖြစ်သတည်း။
သင်တို့ချီတက်သောအခါဘုရားသခင် သည်ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဟိဝိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ အာမောရိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ကိုမုချနှင်ထုတ် တော်မူမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိုးရတော်မူသောထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သင်တို့ကိုရှေ့ ဆောင်၍ယော်ဒန်မြစ်ကိုဖြတ်ကူးသော အခါအသက်ရှင်တော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ သည်ကိုသင်တို့သိကြလိမ့်မည်။-