သူတို့က``ဤသူသည်အသဲအသန်ဖျား နာလျက်ရှိ၏။ နောက်တစ်ဖန်အဘယ်အခါ၌မျှအိပ်ရာပေါ်မှ ထနိုင်တော့မည်မဟုတ်'' ဟုဆိုကြ၏။
သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကို ကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။
``သူ၏ဘုရားသည်သူ့ကိုစွန့်ပစ်လေပြီ။ သူ့အားကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့သဖြင့် သူ့ကိုလိုက်ဖမ်းကြကုန်အံ့'' ဟုသူတို့ဆို ကြပါ၏။
အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။-