ဆာလံ 41:13Common Language Bibleဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။ အခန်းကိုကြည့်ပါ။ |
``သင်ပြောသည့်အတိုင်းပင်ဖြစ်ပါစေသော။ ထာဝရဘုရားသည် ဤအတိုင်းပင်ပြုတော် မူလိမ့်မည်ဟုလည်းငါမျှော်လင့်ပါ၏။ ကိုယ် တော်သည်သင်၏ဟောကြားချက်များကို အကောင်အထည်ပေါ်စေတော်မူလိမ့်မည် ဟူ၍လည်းကောင်း၊ ဗာဗုလုန်မြို့သို့သိမ်း ယူသွားသောဗိမာန်တော်ဘဏ္ဍာများနှင့် သုံ့ပန်းအဖြစ်ဖမ်းဆီးသွားသည့်သူ အပေါင်းတို့အား ပြန်လည်ခေါ်ဆောင်လာ တော်မူလိမ့်မည်ဟူ၍လည်းကောင်းငါ မျှော်လင့်ပါ၏။-
သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။-
ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-