Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 41:11

Common Language Bible

ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား အ​နိုင်​ရ​စေ​တော်​မ​မူ​မည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် နှစ်​သက်​တော်​မူ​ကြောင်း​ကို​ကျွန်​တော်​မျိုး သိ​ရ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​ကို​ရန်​သူ​များ​အုပ်​ဖမ်း​ကိုက်​စား​သည့် အ​စာ​ဖြစ်​ခွင့်​ပေး​တော်​မ​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန်​စို့။

ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် ``ငါ​တို့​သူ့​ကို​အ​နိုင်​ရ​ပြီ'' ဟူ​၍ ပြော​ဆို​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ပြို​လဲ​မှု​ကြောင့် ဝမ်း​မြောက်​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။

ကျွန်​တော်​မျိုး​၏​ဘု​ရား၊​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ စစ်​အ​ရေး​နိမ့်​၍​အ​ရှက်​ရ​ခြင်း​မှ​ကျွန်​တော် မျိုး​အား ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အ​ရေး​နိမ့်​သ​ဖြင့်​ရန်​သူ​တို့​အား နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​၏ လက်​တွင်း​သို့​ကျ​ရောက်​စေ​တော်​မ​မူ​ဘဲ လွတ်​လပ်​စွာ​သွား​လာ​နိုင်​ခွင့်​ကို​ပေး​တော်​မူ ပါ​ပြီ။

``ငါ​တို့​အ​လို​ဆန္ဒ​ပြည့်​ပြီ၊သူ့​ကို​ငါ​တို့ အ​နိုင်​ရ​ပြီ'' ဟူ​၍​သူ​တို့​ပြော​ဆို​နိုင်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​နှစ်​သိမ့် မှု​နှင့် ကူ​ညီ​မ​စ​မှု​ပေး​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​သည် မြင်​ကြ​သော​အ​ခါ​အ​ရှက်​ရ​ကြ​ပါ လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး သီ​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ဆင်း​ရဲ​သော​သူ​တို့​အား ဆိုး​ညစ်​သူ​များ​၏​လက်​မှ​ကယ်​ဆယ်​တော် မူ​ပါ​၏။

ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ခ​ရစ်​တော်​သည် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ​နှင့်​အာ​ဏာ ပိုင်​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​ပယ်​ရှား တော်​မူ​ပြီး​နောက် ၎င်း​တို့​ကို​သုံ့​ပန်း​များ​အ​ဖြစ် အောင်​ပွဲ​လှည့်​ရာ​တွင်​နောက်​မှ​လိုက်​ပါ​စေ​ကာ လူ​အ​ပေါင်း​တို့​အား​ပြ​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ