Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 39:8

Common Language Bible

ကျွန်​တော်​မျိုး​၏​အ​ပြစ်​အ​ပေါင်း​မှ​ကယ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​အား​လူ​မိုက်​တို့​လှောင်​ပြောင် စေ​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ကွန်​တော်​မျိုး​ကြောက်​လန့်​သည့်​စော်​ကား​မှု​မား​မှ ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။

ကင်း​စောင့်​တို့​သည်​အ​ရုဏ်​တက်​ချိန်​ကို စောင့်​မျှော်​သည်​ထက် ငါ​သည်​ဘု​ရား​ရှင်​ကို​ပို​၍​စောင့်​မျှော်​လျက်​နေ​၏။

ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ဖြစ်​သော ဣသ​ရေ​လ​အား​အ​ပြစ်​အ​ပေါင်း​မှ ကယ်​တော်​မူ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​တို့​သည်​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို တည်​စေ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ဒုက္ခ​များ​နှင့် ဝေ​ဒ​နာ​အ​ပေါင်း​ကို​အောက်​မေ့​ဆင်​ခြင်​တော် မူ​၍ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။

သူ​တို့​က``ဟား​ဟား​သင်​ပြု​သော​အ​မှု​ကို ငါ​တို့​မြင်​ကြ​၏'' ဟု​အော်​ဟစ်​၍​ကျွန်​တော် မျိုး​အား စွပ်​စွဲ​ပြော​ဆို​ကြ​ပါ​၏။

ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​ကို အိမ်​နီး​ချင်း​များ​သည်​မြင်​၍​ကျွန်​တော်​မျိုး​တို့​အား ပြောင်​လှောင်​၍​ပြက်​ရယ်​ပြု​ကြ​ပါ​၏။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ချမ်း​သာ​ပေး တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ကြောင်း​ကို​ဝမ်း​မြောက်​စွာ ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။

ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ထူး​တော်​မူ​၍ ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​ညှဉ်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​နှိမ်​နင်း တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ တော်​နှင့် သစ္စာ​တော်​ကို​ငါ့​အား​ပြ​တော်​မူ​လိမ့်​မည်။

ပတ်​လည်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ကျွန်​တော်​မျိုး တို့​အား ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ကဲ့​ရဲ့​ပြောင်​လှောင်​ကြ​ပါ​၏။

ယဇ်​ပလ္လင်​နှင့်​ဗိ​မာန်​တော်​အ​ဝင်​ဝ​စပ်​ကြား​၌ ထာ​ဝ​ရ​ဘု​ရား​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ရ​သူ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ငို​ကြွေး​လျက်၊ ``အို ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ကို​သ​နား​တော်​မူ​ပါ။ `သူ​တို့​၏​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​နည်း' ဟု​ဆို​ကာ​လူ​မျိုး​ခြား​များ​သည် ကျွန်​တော်​မျိုး​တို့​အား​ကဲ့​ရဲ့​ပြောင်​လှောင် စေ​တော်​မ​မူ​ပါ​နှင့်'' ဟု ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​ရ​ပေ​မည်။

ကိုယ်​တော်​သည်​သူ​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​အား ဂျုံ​ဆန်၊စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ပေး​တော်​မူ​မည်​ဖြစ်​၍၊ သင်​တို့​သည်​ရောင့်​ရဲ​လျက်​နေ​ကြ​လိမ့်​မည်။ အ​ခြား​အ​မျိုး​သား​များ​သည်​လည်း​သင်​တို့ အား ကဲ့​ရဲ့​ကြ​တော့​မည်​မ​ဟုတ်။

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​ဦး​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​ကို​နင်း​ချေ​၍ ပင်​လယ်​အောက်​သို့​ပစ်​ချ​တော်​မူ​မည်။-

သူ​သည်​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​သည်​မိ​မိ​လူ​မျိုး​အား​အ​ပြစ်​မှ​ကယ်​တင် မည့်​အ​ရှင်​ဖြစ်​သော​ကြောင့်​သူ့​ကို​ယေ​ရှု​ဟု နာ​မည်​မှည့်​ရ​မည်'' ဟု​ဆို​၏။

ငါ​တို့​အား​ဆိုး​ညစ်​မိုက်​မဲ​မှု​အ​ပေါင်း​မှ​ကယ် ဆယ်​တော်​မူ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​စိတ် နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​ကိုယ်​တော်​သာ လျှင်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​လျက် အ​ကျင့် ကောင်း​များ​၌​စိတ်​အား​ထက်​သန်​ကြ​စေ​ရန် လည်း​ကောင်း​ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ