ဆာလံ 38:4Common Language Bibleအပြစ်ဒုစရိုက်ရေလွှမ်းမိုးရာတွင်ကျွန်တော် မျိုးသည် နစ်မွန်းလျက်ရှိပါ၏။ ယင်းတို့သည်လေးလံသောအပြစ်ဝန်ထုပ်ဖြစ်၍ ကျွန်တော်မျိုးမထမ်းနိုင်ပါ။ အခန်းကိုကြည့်ပါ။ |
ရေတွက်၍မရနိုင်အောင်များမြောင်သော ဘေးဒုက္ခတို့သည်ကျွန်တော်မျိုးအားဝိုင်းရံလျက် ရှိပါသည်တကား။ ကျွန်တော်မျိုး၏အပြစ်များကကျွန်တော်မျိုးအား လိုက်၍မီသဖြင့်ကျွန်တော်မျိုးသည် မမြင်နိုင်တော့ပါ။ ယင်းအပြစ်တို့သည်ကျွန်တော်မျိုးဦးခေါင်းမှ ဆံပင်ထက်များပြားသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ပျက်အားလျော့ပါပြီ။
သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။''
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-