Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 38:22

Common Language Bible

ကျွန်​တော်​မျိုး​ကို​ကယ်​တင်​မူ​သော​ဘု​ရား​ရှင်၊ ယ​ခု​ပင်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​ပါ​၏။ ယ​ခု​ပင်​ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ နား​ထောင်​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ဗာ​ရှန်​ဒေ​သ​မှ ကြောက်​မက်​ဖွယ်​ကောင်း​သော​နွား​သိုး​များ​ကဲ့​သို့ ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​လင်း၊ ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​သည်​အ​ဘယ်​သူ​ကို​မျှ​ကြောက်​လန့်​ရ အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ယ​ခု​ပင်​ကူ​မ​တော်​မူ​ပါ။

အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​၍ ခို​ကိုး​ရာ​မဲ့​သူ​ဖြစ်​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သ​တိ​ရ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ရန်​အ​လျင် အ​မြန် ကြွ​တော်​မူ​ပါ။

ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက်​တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။

ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက် တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကျွန်​တော်​အား​ကူ​မ​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​လျက် ဆင်း​ရဲ​၍​နေ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ထံ​သို့​လျင်​မြန်​စွာ​ကြွ​လာ တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ကျွန်​တော်​မျိုး​၏ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​အ​လျင်​အ​မြန် ကြွ​တော်​မူ​ပါ။

အို ဘု​ရား​သ​ခင်၊ ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး အား ကူ​မ​ရန်​အ​လျင်​အ​မြန်​ကြွ​တော်​မူ​ပါ။

``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ