Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 38:11

Common Language Bible

ကျွန်​တော်​မျိုး​၏​အ​နာ​များ​ကြောင့်​မိတ်​ဆွေ​များ​နှင့် အိမ်​နီး​ချင်း​များ​သည် ကျွန်​တော်​မျိုး​၏​အ​နီး​သို့​မ​ကပ်​ကြ​တော့​ပါ။ ကျွန်​တော်​မျိုး​၏​အိမ်​ထောင်​စု​သား​များ​ပင်​လျှင် ကျွန်​တော်​မျိုး​ထံ​သို့​မ​လာ​ကြ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

လူ​ဆိုး​တစ်​စု​သည်​ကျွန်​တော်​မျိုး​ကို ဝိုင်း​ထား​ကြ​ပါ​၏။ သူ​တို့​သည်​တော​ခွေး​အုပ်​ကဲ့​သို့​ကျွန်​တော်​မျိုး အ​နီး​သို့​ချဉ်း​ကပ်​လာ​ပြီး​လျှင် ကျွန်​တော်​မျိုး​၏​ခြေ​လက်​များ​ကို​ကိုက်​ဖြတ် ကြ​ပါ​၏။

ရန်​သူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား ပြောင်​လှောင်​ကြ​ပါ​၏။ အ​ထူး​သ​ဖြင့်​အိမ်​နီး​ချင်း​များ​က​မ​ထီ​မဲ့ မြင် ပြု​ကြ​ပါ​၏။ အ​သိ​မိတ်​ဆွေ​များ​သည်​ကျွန်​တော်​မျိုး​ကို ကြောက်​ကြ​ပါ​၏။ လမ်း​တွင်​ကျွန်​တော်​မျိုး​ကို​တွေ့​မြင်​သော​အ​ခါ ထွက်​ပြေး​ကြ​ပါ​၏။

အ​ရင်း​နှီး​ဆုံး​သော​မိတ်​ဆွေ​များ​အား​ပင် လျှင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​မှာ​မိတ်​ဆွေ​ဖွဲ့​ရန်​မှောင်​မိုက်​သာ​လျှင် ကျန်​ရှိ​ပါ​တော့​၏။

``သို့​ရာ​တွင်​သူ​သည်​ငါ​တို့​ခံ​ထိုက်​သည့်​ဆင်း​ရဲ ဒုက္ခ​ကို​လည်း​ကောင်း၊ ငါ​တို့​ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ပေ​သည်။ ယင်း​သို့​သူ​ခံ​စား​လျက်​နေ​ရ​သည့်​ဒုက္ခ​ဝေ​ဒ​နာ ကို​ပင်​လျှင်၊ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​သည့် အ​ပြစ်​ဒဏ်​ဟု​ငါ​တို့​ထင်​မှတ်​ကြ​၏။

လူ​တို့​သည်​သူ့​ကို​ဖမ်း​ဆီး​ပြီး​လျှင်​သေ​ဒဏ် စီ​ရင်​ကြ​၏။ ထို​နောက်​အ​သေ​ခံ​စေ​ရန်​ထုတ်​ဆောင်​သွားကြ​၏။ သို့​ရာ​တွင်​သူ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြ​မ္မာ​ကို အ​ဘယ်​သူ​မျှ​ဂ​ရု​မ​စိုက်​ကြ။ သူ​သည်​ငါ​တို့​အ​မျိုး​သား​တို့​၏​အ​ပြစ်​များ အ​တွက် သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​၏။

သို့​သော်​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရ​ခြင်း​မှာ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​များ​ဟော​ကြား​ခဲ့ သ​မျှ​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​အခါ​တပည့်​တော်​အပေါင်း​တို့​သည် ကိုယ်​တော် ကို​စွန့်​ပစ်​၍​ပြေး​ကြ​၏။

ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင် သွား​ကြ​၏။ ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ ၍​လိုက်​လာ​ခဲ့​၏။-

ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​၏​နောက်​သို့​လိုက် လာ​ကြ​သော​အ​မျိုး​သ​မီး​များ​အ​ပါ​အ​ဝင် ကိုယ်​တော်​ကို​သိ​ကျွမ်း​သူ​အ​ပေါင်း​တို့​သည် အ​ဝေး​မှာ​ရပ်​လျက်​ကြည့်​ရှု​နေ​ကြ​၏။

သင်​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး​သီး​ထွက် ပြေး​သွား​ကြ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​လည်း​အ​ထီး​တည်း​ကျန်​ရစ်​လိမ့် မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ​ရောက်​လျက် ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ငါ​သည်​အ​ကယ်​ပင် အ​ထီး​တည်း​နေ​သည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ