ဆာလံ 37:39Common Language Bibleထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့အားခုခံတိုက်ခိုက်နိုင်ရန် ငါသည် သင့်အားကြေးဝါတံတိုင်းသဖွယ်ဖြစ်စေမည်။ သူတို့သည်သင့်ကိုတိုက်ခိုက်ကြမည်ဖြစ်သော် လည်းသင့်ကိုနှိမ်နင်းနိုင်လိမ့်မည်မဟုတ်။ သင့် ကိုကွယ်ကာစောင့်ရှောက်၍ဘေးမဲ့လုံခြုံစွာ ထားရှိနိုင်ရန်ငါသည်သင်နှင့်အတူရှိတော် မူမည်'' ဟုထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
သင်တို့သည်အရာခပ်သိမ်းကိုစိတ်ရှည်စွာ ခံနိုင်ရည်ရှိစေရန် ဘုရားသခင်၏ဘုန်း ကြီးသောတန်ခိုးတော်မှရရှိသည့်စွမ်းရည် အမျိုးမျိုးဖြင့်ရပ်တည်နိုင်ကြပါစေသော။ ထိုမှတစ်ပါးလည်းအလင်းနိုင်ငံတော်တွင် ကိုယ်တော်၏လူစုတော်အတွက်လျာထား သည့်ကောင်းချီးမင်္ဂလာများကို သင်တို့ အားခံစားထိုက်သူများဖြစ်စေတော်မူ သော အဖဘုရားသခင်၏ကျေးဇူးတော် ကိုဝမ်းမြောက်စွာချီးမွမ်းနိုင်ကြပါစေ သော။-