ဆာလံ 37:25Common Language Bibleယခုအခါငါသည်အသက်ကြီးရင့်လေပြီ။ ငါသည်ကြာရှည်စွာအသက်ရှင်ခဲ့ပါပြီ။ သို့ရာတွင်သူတော်ကောင်းအားထာဝရဘုရား စွန့်ပစ်တော်မူသည်ကိုလည်းကောင်း၊ သူ၏သားသမီးတို့တောင်းစားရသည်ကို လည်းကောင်း တစ်ချိန်တစ်ခါမျှငါမတွေ့မမြင်ခဲ့ဘူးပါ။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
ယခုအခါ၌ကျွန်တော်မျိုးသည်အသက် ကြီး၍ ဆံပင်ဖြူလျက်နေပါပြီ။ အို ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ ကျွန်တော်မျိုးသည်နောင်လာလတ္တံ့သော သားစဉ်မြေးဆက်အပေါင်းတို့အား ကိုယ်တော်ရှင်၏ဘုန်းတန်ခိုးအာနုဘော် တော် အကြောင်းကိုထုတ်ဖော်ကြေညာလျက်ရှိနေစဉ် ကျွန်တော်မျိုးနှင့်အတူရှိတော်မူပါ။