ဆာလံ 36:7Common Language Bibleအို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာမြတ်နိုးဖွယ်ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏အတောင် တော်ရိပ် အောက်တွင်ဘေးမဲ့လုံခြုံခွင့်ရရှိကြပါ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေကြသူတို့ ၏အတွက် သိုမှီးထားတော်မူသောကောင်းသောအရာ များကား အလွန်ပင်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်း ကိုလည်းကောင်း၊ အထံတော်၌ခိုလှုံကြသူတို့ကို ကွယ်ကာတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါ၏။
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-
ဤနည်းအားဖြင့်ကတိထားတော်မူသောအလွန် ကြီး၍ အဖိုးထိုက်သည့်ဆုကျေးဇူးများကို ကိုယ်တော်သည်ငါတို့အားပေးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့်သင်တို့သည် ဤလောက တွင်ဖောက်ပြန်ပျက်စီးတတ်သောကိလေသာ ဆိုးညစ်မှုများမှလွတ်မြောက်နိုင်ကြလျက် ဘုရားဇာတိတွင်ပါဝင်စေရန်ဖြစ်၏။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-