Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 35:5

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​သ​ဖြင့် သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား တတ်​သော ဖွဲ​ကဲ့​သို့​ဖြစ်​ရ​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊

သို့​ရာ​တွင်၊သူ​ယုတ်​မာ​တို့​မူ​ကား​အ​ဘယ်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဖြစ်​နိုင်။ သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​တတ်​သော​ဖွဲ​နှင့်​တူ​ကြ​၏။

ကျွန်​တော်​မျိုး​တို့​သည်​အ​မျက်​တော်​ကို​ခံ​ရ သော​ကြောင့် အ​သက်​တို​ကြ​ရ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​အ​သက်​သည်​တီး​တိုး ပြော​သည့် လေ​သံ​ကဲ့​သို့​ပျောက်​ကွယ်​တတ်​ပါ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ရှေ့​က​ကြွ သွား​သော ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန် သည်​အ​နောက်​ဘက်​သို့​နေ​ရာ​ပြောင်း​၍​လိုက် ပါ​လာ​၏။ သူ​တို့​၏​အ​ရှေ့​၌​ရှိ​သော​မိုး​တိမ် တိုင်​သည်​လည်း အ​နောက်​ဘက်​သို့​နေ​ရာ ပြောင်း​သ​ဖြင့်၊-

ထို​နိုင်​ငံ​သား​တို့​သည်​လှိုင်း​လုံး​များ​သ​ဖွယ် တစ်​ဟုန်​တည်း​ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ဘု​ရား​သ​ခင်​က​သူ​တို့​အား​ဖြင့် ပြင်း ပြင်း​ထန်​ထန်​မိန့်​ကြား​ဆုံး​မ​တော်​မူ​သော အ​ခါ​သူ​တို့​သည်​တောင်​နံ​ရံ​မှ​မြေ​မှုန့်​များ ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗွေ​တွင်​လွင့်​ပါ​သွား သည့်​ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဆုတ်​ပြေး​ကြ ကုန်​၏။-

အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​တိုက်​ခိုက်​ကြ သည့်​လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် မြေ​မှုန့် ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​၏​ကြောက်​မက် ဖွယ်​ကောင်း​သည့်​စစ်​တပ်​များ​သည် ဖွဲ​ကဲ့ သို့​လည်း​ကောင်း​ချက်​ခြင်း​လွင့်​စင်​သွား ကြ​လိမ့်​မည်။-

ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-

သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​တော်​မူ​၍ က​မ္ဘာ​မြေ​ပေါ်​မှ အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပါ။''

သို့​ဖြစ်​၍​ဤ​သူ​တို့​သည်​နံ​နက်​ခင်း​တွင် ကျ​တတ်​သော​နှင်း​ကဲ့​သို့​လည်း​ကောင်း၊ နံ​နက် စော​စော​အ​ချိန်​တွင်​ကွယ်​ပျောက်​တတ်​သော နှင်း​ပေါက်​ကဲ့​သို့​လည်း​ကောင်း​ပျောက်​ကွယ် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကောက်​နယ်​တ လင်း​မှ​လေ​တိုက်​၍​လွင့်​လာ​သော​ဖွဲ​ကဲ့​သို့ လည်း​ကောင်း၊ ခေါင်း​တိုင်​မှ​ထွက်​သော​မီး​ခိုး ကဲ့​သို့​လည်း​ကောင်း​လွင့်​ပျောက်​ရ​ကြ​လိမ့်​မည်။

ထို​အ​ခါ​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​မ​ထောက်​သည့်​အ​တွက် ချက်​ချင်း ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဒဏ်​ခတ်​သ​ဖြင့် သန်​ထိုး​၍​ကွယ်​လွန် တော်​မူ​လေ​သည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ​ကို သေ​မင်း​တ​မန်​မ​သတ်​စေ​ရန် သူ​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ပ​သ​ခါ​ပွဲ​ကို​စီ​မံ​၍ တံ​ခါး တိုင်​များ​ကို​သွေး​ဖြင့်​ပက်​ဖျန်း​စေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ