ကိုယ်တော်ရှင်၏ဒိုင်းလွှားကိုကိုင်ဆွဲ၍ ကျွန်တော်မျိုးအားကူမရန်ကြွတော်မူပါ။
ကိုယ်တော်သည်မိမိ၏အတောင်တော်ဖြင့် သင့်ကိုဖုံးအုပ်တော်မူလိမ့်မည်။ သင်သည်ကိုယ်တော်၏ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရ၍ဘေးမဲ့လုံခြုံလျက်နေလိမ့်မည်။ ကိုယ်တော်၏သစ္စာတော်သည်သင့်ကိုစောင့်ထိန်း ကွယ်ကာရာဒိုင်းလွှားဖြစ်လိမ့်မည်။
ထာဝရဘုရားသည်စစ်သူရဲဖြစ်တော်မူ၏။ နာမတော်မူကားထာဝရဘုရားဖြစ် တော်မူ၏။
သူတို့သည်ကမ္ဘာအစွန်အဖျားရှိရပ်ဝေး နိုင်ငံများမှ လာရောက်ကြလိမ့်မည်။ ထာဝရ ဘုရားသည်အမျက်ထွက်တော်မူသဖြင့် လက်နက်ဖြင့် နိုင်ငံတစ်ခုလုံးကိုသုတ်သင် ဖျက်ဆီးပစ်ရန်ကြွလာတော်မူပေအံ့။
ထာဝရဘုရားသည်သူရဲကောင်းကဲ့သို့စစ်တိုက်ရန် ထွက်ကြွတော်မူ၏။ ကိုယ်တော်သည်တိုက်ပွဲဝင်ရန်အသင့်ရှိ၍ စိတ်စောလျက်နေတော်မူ၏။ ကိုယ်တော်သည်စစ်တိုက်သံကြွေးကြော်လျက် မိမိ၏ ရန်သူတို့အားတန်ခိုးတော်ကိုပြတော်မူ၏။