Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 34:5

Common Language Bible

အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​၍​ဝမ်း​မြောက်​ပါ​၏။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ကြ ရ​လိမ့်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယွာ​ဘ​သည်​ဘု​ရင့်​အိမ်​တော်​သို့​သွား​၍``ယ​နေ့ အ​ရှင်​သည်​အ​ရှင်​၏​အ​သက်​ကို​လည်း​ကောင်း၊ အ​ရှင့်​သား​သ​မီး၊ မိ​ဖု​ရား​မောင်း​မ​တို့​၏ အ​သက်​ကို​လည်း​ကောင်း​ကယ်​ဆယ်​သော အ​ရှင့်​လူ​တို့​အား​ချီး​မြှင့်​မည့်​အ​စား ရှုတ်​ချ​တော်​မူ​လေ​ပြီ။-

ယု​ဒ​အ​မျိုး​သား​တို့​သည်​စိတ်​သက်​သာ ရွှင်​လန်း​ဝမ်း​မြောက်​လျက်​အ​သ​ရေ​မြင့် လာ​ကြ​၏။-

ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ကြည့်​တော်​မူ​၍ ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ပြန်​လည်​၍​ခွန်​အား​ဖြင့် ပြည့်​ဝ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​သေ​စေ​တော်​မ​မူ​ပါ​နှင့်။

ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ ကိုယ်​တော်​ရှင်​သည်​ထူး​တော်​မူ​၍​ကျွန်​တော်​မျိုး​အား အား​သစ်​လောင်း​တော်​မူ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​လင်း​ကို ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​မှောင်​မိုက်​ကို​ပျောက်​လွင့် စေ​တော်​မူ​ပါ​၏။

ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​ရေး​မ​နိမ့်​ကြ​ပါ။ ကိုယ်​တော်​ရှင်​အား​တော်​လှန်​ပုန်​ကန်​ရန် ဝန်​မ​လေး​သူ​များ​သာ​လျှင်​အ​ရေး​နိမ့် ကြ​ရ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​သော​ကြောင့်​ငါ​သည်​လဲ​လျောင်း အိပ်​ပျော်​ခွင့်​ကို​ရ​ရှိ​၏။

ကိုယ်​တော်​ရှင်​ထံ​မှ​သတ္တ​ဝါ​မှန်​သ​မျှ​တို့​သည် အ​သက်​ကို​ရ​ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​လင်း​တော်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​အ​လင်း​ကို​ရ​ရှိ​ကြ ပါ​၏။

ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​ငါ့​အား ဂုဏ်​ပြု​ရာ​ယဇ်​ပင်​ဖြစ်​၏။ ငါ့​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့​အား ဧ​ကန်​အ​မှန်​ငါ​ကယ်​မည်'' ဟု​မိန့်​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော် ကြီး​မား​ကြောင်း​ကို​ဝန်​ခံ​ကြ​စေ​ရန်​မျက်​နှာ​ကို ရှက်​စေ​တော်​မူ​ပါ။

သူ​တော်​ကောင်း​တို့​အ​ပေါ်​သို့​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​သည်​လည်း​ကောင်း၊ သ​ဘော​ဖြောင့်​သူ​တို့​အ​ပေါ်​သို့ ရွှင်​လန်း​ဝမ်း​မြောက်​ခြင်း​သည်​လည်း​ကောင်း သက်​ရောက်​၏။

``ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ငါ့​ထံ​သို့​လာ​၍ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ခံ​ယူ​ကြ​လော့။ တစ်​ဆူ​တည်း​ရှိ​တော်​မူ​သော​ဘု​ရား​ကား ငါ​ပင်​တည်း။

သင်​သည်​ဤ​အ​မှု​အ​ရာ​ကို​မြင်​၍​ရွှင်​လန်း ဝမ်း​မြောက်​ရ​လိမ့်​မည်။ စိတ်​နှ​လုံး​ထိ​ခိုက်​တုန်​လှုပ်​လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​မိမိ​တို့​၏​စည်း​စိမ် ချမ်း​သာ​များ​ကို သင်​၏​ထံ​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​ပင်​လယ်​ရပ်​ခြား မှ ရောက်​ရှိ​လာ​လိမ့်​မည်။

ငါ​တို့​၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို​အ​စ​မှ အ​ဆုံး​စီ​ရင်​တော်​မူ​သော​သ​ခင်​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် မိ​မိ​ခံ​စား​ရ​မည့်​ဝမ်း​မြောက်​ခြင်း​အ​တွက် ကြောင့် လက်​ဝါး​ကပ်​တိုင်​တော်​ကို​ရှက်​ကြောက် ဖွယ်​အ​ရာ​ဟူ​၍​မှတ်​တော်​မ​မူ​ဘဲ​အ​သေ ခံ​တော်​မူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင် တော်​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​တော်​မူ​၏။

ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ