Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 34:3

Common Language Bible

ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ငါ​နှင့် အ​တူ ကြွေး​ကြော်​ကြ​လော့။ ငါ​တို့​သည်​အ​တူ​တ​ကွ​ကိုယ်​တော်​၏​နာ​မ​တော် ကို ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​အ​ပေါင်း တို့​သည် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​စေ။

ထို​နောက်​ဒါ​ဝိဒ်​သည်​လူ​တို့​အား``သင်​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို အ​ခါ​လူ​ထု​တစ်​ရပ်​လုံး​သည် မိ​မိ​တို့​၏ ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​ကုန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​နှင့်​မိ​မိ​တို့​၏​ဘုရင့်​ရှေ့​တော် တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ကုန်​၏။

ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။

ကျွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​လို​သော သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ဖြင့် ``ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ကောင်း​စား​သည်​ကို အား​ရ​နှစ်​သက်​တော်​မူ​၏'' ဟု​အ​ဖန်​တ​လဲ​လဲ ကြွေး​ကြော်​ကြ​ပါ​စေ​သော။

ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည် ``ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​ပေ​သည်'' ဟု အ​စဉ်​မ​ပြတ်​ချီး​ကူး​နိုင်​ကြ​ပါ​စေ​သော။

လူ​မျိုး​အ​ပေါင်း​တို့၊ငါ​တို့​၏​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သင်​တို့​၏​ထော​မ​နာ​သံ​ကို​ကြား​ပါ​စေ။

ကျွန်​တော်​မျိုး​သည်​သီ​ချင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း​အား​ဖြင့် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ် ဖော် ကြေ​ညာ​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။ အ​ကျဉ်း​ခံ​နေ​ရ​သော​မိ​မိ​၏​လူ​စု​တော် အား မေ့​လျော့​တော်​မ​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​က၊ ``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။

အ​ကယ်​၍​ဝါ​ကြွား​လို​သူ​လူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​မူ ထို​သူ​သည်​ငါ​၏​အ​ကြောင်း​ကို​သိ​ရှိ​နား​လည်​မှု ၌​သာ​လျှင်​ဝါ​ကြွား​ရာ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​မေတ္တာ​သည်​ခိုင်​မြဲ​၍ ငါ​ပြု​သော​အ​မှု​သည်​တ​ရား​မျှ​တ​မှု၊ ဖြောင့်​မတ်​မှန်​ကန်​မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​မှု​တို့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။

မာ​ရိ​က၊ ``ငါ​၏​စိတ်​နှ​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။

ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ဧ​ဖက်​မြို့ တွင်​နေ​ထိုင်​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့် ဂ​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ ၏။ သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​လျက် သ​ခင် ယေ​ရှု​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။-

ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။-

ထို​ကောင်း​ကင်​တ​မန်​က``ဘု​ရား​သ​ခင်​တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​သည်​ကျ​ရောက်​၍​လာ လေ​ပြီ။ ထို​ကြောင့်​ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ ကြ​လော့။ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ ကောင်း ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊ ပင်​လယ် နှင့်​စမ်း​ပေါက်​များ​ကို​လည်း​ကောင်း​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ကို​ရှိ​ခိုး​ကြ​လော့'' ဟု အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ