Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 32:10

Common Language Bible

သူ​ယုတ်​မာ​တို့​သည်​ဒုက္ခ​ရောက်​ကြ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ကိုး​စား​သူ​တို့​မူ​ကား ခိုင်​မြဲ​သော​မေတ္တာ​တော်​ဖြင့်​ကွယ်​ကာ​ခြင်း​ကို ခံ​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​အ​ပေါ်​သို့ မီး​ကျီး​ခဲ​များ​ကို​လည်း​ကောင်း၊ပူ​လောင်​လှ​သည့် မီး​လျှံ​ကို​လည်း​ကောင်း​ကျ​စေ​တော်​မူ​၏။ သူ​တို့​အား​ပူ​လောင်​လှ​သော​လေ​ပူ​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။

သူ​တစ်​ပါး​တို့​အား​လိမ်​လည်​စွပ်​စွဲ​ကြ သူ​တို့​သည် မ​အောင်​မြင်​ပါ​စေ​နှင့်။ မ​ကောင်း​မှု​သည်​အ​ကြမ်း​ဖက်​သ​မား​တို့​အား အ​မီ​လိုက်​၍​သုတ်​သင်​ဖျက်​ဆီး​ပါ​စေ​သော။

ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ၊ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။

သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။

အ​ခြား​ဘု​ရား​များ​အား​ဆည်း​ကပ်​ကိုး​ကွယ် ကြ​သော သူ​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ယဇ်​ပူ​ဇော်​မှု​များ​တွင် ပါ​ဝင်​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ် ဆည်း​ကပ် လိမ့်​မည်​မ​ဟုတ်။

တုန်​လှုပ်​လျက်​ရှေ့​တော်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။ ယင်း​သို့​မ​ပြု​ပါ​မူ​ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​သည်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ချဉ်း​ကပ်​ခို​လှုံ​သူ အ​ပေါင်း​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မျှ ကောင်း​မြတ်​တော်​မူ​သည်​ကို​သင်​ကိုယ်​တိုင် စူး​စမ်း​၍​ကြည့်​လော့။ ကိုယ်​တော်​၏​ထံ​တော်​၌​လုံ​ခြုံ​စွာ​နေ​ခွင့် ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။

အ​ခြား​ဘု​ရား​များ​ကို​မ​ဆည်း​ကပ်၊ မိစ္ဆာ​ဘု​ရား​များ​ကို​ရှိ​မ​ခိုး​ဘဲ​ထာ​ဝ​ရ​ဘု​ရား​အား ကိုး​စား​သူ​သည်​မင်္ဂလာ​ရှိ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ် သူ​တို့​အား​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ​၏။

အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​လွန်​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။

အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။

ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကို ရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။

အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။

သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။

သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​ငါ​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​ငွေ​ကို​စွဲ​လမ်း​တပ် မက်​ခြင်း​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး​တို့​၏ မူ​လ​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်​တည်း။ အ​ချို့​သော​သူ​တို့​သည်​ငွေ​ကို​ခုံ​မင်​လှ သ​ဖြင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​၍ ပူ​ဆွေး​လျက်​ဝမ်း​နည်း​ပက်​လက် ဖြစ်​ရ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ