Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 31:8

Common Language Bible

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​၏ လက်​တွင်း​သို့​ကျ​ရောက်​စေ​တော်​မ​မူ​ဘဲ လွတ်​လပ်​စွာ​သွား​လာ​နိုင်​ခွင့်​ကို​ပေး​တော်​မူ ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။

ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။

သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။

ငါ​ဘေး​ရောက်​သော​အ​ခါ​ကိုယ်​တော်​သည် ငါ့​ကို​ကူ​မ​တော်​မူ​၏။ ငါ့​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်​ကယ်​တော်​မူ​၏။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​ခဲ့​ပါ​၏။ ယ​ခု​အ​ခါ​၌​လည်း​ကျွန်​တော်​မျိုး​အား သ​နား​တော်​မူ​၍ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​အား​မိတ်​ဆွေ​များ​စွန့်​ပစ်​စေ​တော် မူ​ပါ​ပြီ။ ထို​သူ​တို့​၏​ရှေ့​တွင်​ကျွန်​တော်​မျိုး​အား စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ပိတ်​မိ​နေ​သ​ဖြင့် မ​လွတ်​မြောက်​နိုင်​တော့​ပါ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကို ရှု​မြင်​သိ​မှတ်​တော်​မူ​၏။

ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ရက်​စက် ကြမ်း​ကြုတ်​သူ​မင်း​ဆိုး​မင်း​ညစ်​တစ်​ပါး​၏ လက်​သို့​အပ်​၍ ထို​မင်း​ကို​သူ​တို့​အား​အုပ်​စိုး စေ​မည်။ ဤ​ကား​အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။

ထို​အ​ခါ​အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​ညီ မ​စ​ရန်​လျှောက်​ထား​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​တို့​၏​လျှောက်​ထား​ချက် ကို​နား​ညောင်း​တော်​မူ​၍ အ​ကျွန်ုပ်​တို့​ခံ​ရ သော​ညှင်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ ကို​သိ​မြင်​တော်​မူ​၏။-

လူ​တစ်​ထောင်​တပ်​ကို​လူ​တစ်​ယောက် က​လည်း​ကောင်း၊ လူ​တစ်​သောင်း​တပ်​ကို​လူ​နှစ်​ယောက်​တို့ က​လည်း​ကောင်း အ​ဘယ်​ကြောင့်​နှိမ်​နင်း​နိုင်​ခဲ့​သ​နည်း။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့်​တည်း။ သူ​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ရန်​သူ​လက်​သို့​အပ်​တော်​မူ သော​ကြောင့်​တည်း။

ယ​နေ့​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား ငါ​၏​လက်​တွင်​အပ်​နှင်း​တော်​မူ​လိမ့်​မည်။ ငါ သည်​သင့်​ကို​နှိမ်​နင်း​၍​သင်​၏​ဦး​ခေါင်း​ကို ဖြတ်​ပစ်​မည်။ ဖိ​လိတ္တိ​တပ်​သား​တို့​၏​အ​သေ ကောင်​များ​ကို​ငှက်​များ၊ သား​ရဲ​တိရစ္ဆာန်​များ ၏​အ​စာ​ဖြစ်​စေ​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် ဘု​ရား​ရှိ​တော်​မူ​ကြောင်း တစ်​ကမ္ဘာ​လုံး​သိ​ကြ​လိမ့်​မည်။-

ယ​နေ့​ငါ့​အား​သင်​ပြု​သော​ကျေး​ဇူး​သည် ကြီး​လှ​ပါ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား​သင့်​လက်​သို့​ပေး​အပ်​တော်​မူ​သော် လည်း​သင်​သည်​ငါ့​ကို​မ​သတ်​ခဲ့​ပါ။-

အ​ဘိ​ရှဲ​က​ဒါ​ဝိဒ်​အား``ဘု​ရား​သ​ခင်​သည် အ​ရှင်​၏​ရန်​သူ​ကို​ယ​နေ့​အ​ရှင့်​လက်​သို့​အပ် တော်​မူ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​သူ့​လှံ​ဖြင့်​ပင် တစ်​ချက်​တည်း​မြေ​တွင်​စိုက်​နေ​အောင်​ထိုး သတ်​ခွင့်​ပေး​တော်​မူ​ပါ။ နှစ်​ချက်​ထိုး​ရန် လို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ