Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 31:6

Common Language Bible

ကိုယ်​တော်​ရှင်​သည်​မိစ္ဆာ​ဘု​ရား​များ​ကို​ကိုး​ကွယ် ဆည်း​ကပ်​သူ​တို့​ကို​မုန်း​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကိုး​စား​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။

အ​ကျင့်​သီ​လ​ကောင်း​၍​စိတ်​နှ​လုံး​ဖြူ​စင်​လျက် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​သူ၊လိမ် လည်​၍ သစ္စာ​က​တိ​မ​ပျက်​တတ်​သူ​ဖြစ်​ပါ​၏။

ဆိုး​ညစ်​သူ​တို့​၏​အ​ပေါင်း​အ​သင်း​တို့​ကို ရွံ​မုန်း​၍ သူ​ယုတ်​မာ​တို့​ကို​ရှောင်​ရှား​ပါ​၏။

ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎င်း ပြန်သွားရလိမ့်မည်။

ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ ယင်း​တို့​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။

သူ​တို့​အ​ပေါင်း​သည်​ထုံ​ထိုင်း​မိုက်​မဲ​ကြ ပါ​၏။ သစ်​သား​ရုပ်​များ​က​သူ​တို့​အား​အ​ဘယ် အ​မှု​အ​ရာ​ကို သွန်​သင်​ပေး​နိုင်​ပါ​မည်​နည်း။

အ​ချည်း​နှီး​ဖြစ်​သော​ရုပ်​တု​များ​ကို ကိုး​ကွယ်​သူ​တို့​သည်​ကိုယ်​တော်​၏​အ​ပေါ်​တွင် သစ္စာ​မဲ့​ကြ​ပါ​၏။

ထို​နောက်​ကိုယ်​တော်​က ``ဤ​အိုး​များ​မှ​ရေ အ​နည်း​ငယ်​ကို​ခပ်​၍​ပွဲ​အုပ်​ထံ​ယူ​သွား​ကြ လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​စေ​ခံ တို့​သည်​ယူ​သွား​ကြ​၏။-

သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။-

ဤ​သို့​ငါ​မ​ဆို​လို။ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ် သူ​တို့​ပူ​ဇော်​သော​ယဇ်​သည် နတ်​မိစ္ဆာ​များ​အား​ပူ ဇော်​သော​ယဇ်​သာ​လျှင်​ဖြစ်​၍ ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​မ​ဟုတ်​ကြောင်း​ကို​သာ​လျှင်​ငါ ဆို​လို​၏။ ငါ​သည်​သင်​တို့​အား​နတ်​မိစ္ဆာ​များ​နှင့် မ​ဆက်​ဆံ​စေ​လို။-

ထို့​ကြောင့်​ရုပ်​တု​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ နှင့်​ပတ်​သက်​၍​ပြော​ရ​သော် ရုပ်​တု​ဟူ​သည်​မှာ သက်​ရှင်​လှုပ်​ရှား​မှု​မ​ရှိ​ကြောင်း​ကို​လည်း ကောင်း၊ တစ်​ဆူ​တည်း​သော​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ