ကျွန်တော်မျိုးအတွက်ထောင်ထားသောကျော့ ကွင်းမှ လွတ်မြောက်စေတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ခိုလှုံရာ ဖြစ်တော်မူပါ၏။
ငါတို့သည်မုဆိုး၏ကျော့ကွင်းမှလွတ်မြောက် လာသော ငှက်ကဲ့သို့သေဘေးမှလွတ်မြောက်ကြလေပြီ။ ကျော့ကွင်းပြတ်၍ငါတို့လွတ်မြောက်ရကြ၏။
မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။ သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန် လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။
ငါသည်ထာဝရဘုရားအား တောင်းလျှောက်သောအခါကိုယ်တော်သည် ငါ့အားရန်သူများ၏လက်မှကယ်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
ကျွန်တော်မျိုးခိုလှုံရာဖြစ်တော်မူ၍ ကျွန်တော်မျိုးအားရွေးနုတ်တော်မူသော အရှင်၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ထွက်စကားများနှင့် စိတ်နှလုံးအကြံအစည်များသည်ရှေ့တော် ၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။
ကိုယ်တော်သည်ငါ့ကိုအားသစ်လောင်းတော်မူ၏။ ကတိတော်ရှိတော်မူသည့်အတိုင်းလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။
ကယ်မတော်မူရန်ငါသည်ထာဝရဘုရားအား အခါခပ်သိမ်းမျှော်ကြည့်၏။ ကိုယ်တော်သည်လည်းငါ့အားဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူ၏။
သူတို့သည်အကြောင်းမဲ့ကျွန်တော်မျိုးအတွက် ကျော့ကွင်းကိုထောင်၍ကျွန်တော်မျိုးကိုဖမ်းရန် တွင်းကိုနက်စွာတူးကြပါ၏။
ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။ ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။ သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။ သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။
အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။
သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။-
ထိုအခါသူတို့သည်အမြင်မှန်ရရှိလာပြီးလျှင် မာရ်နတ်၏ကျော့ကွင်းမှလွတ်မြောက်ကြလိမ့်မည်။ မာရ်နတ်သည်မိမိအလိုအတိုင်းလိုက်နာစေရန် သူတို့အားဖမ်းဆီးထားခဲ့ပေသည်။