Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 31:24

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​အား​စောင့်​မျှော်​ကြ​သူ​အ​ပေါင်း တို့၊ ကြံ့​ခိုင်​မှု​ရှိ​၍​ရဲ​ရင့်​ကြ​ကုန်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ဘု​ရင့်​ကျောက်​တိုင် အ​နီး​တွင်​ရပ်​လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​စ​ကား​တော်​ကို​နား​ထောင်​ပါ​မည်။ ကိုယ် တော်​၏​တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စိတ်​ရော​ကိုယ်​ပါ​စောင့်​ထိန်း​ပါ​မည်။ ကျမ်း စောင်​တော်​တွင်​ရေး​ထား​သည့်​အ​တိုင်း​ပ​ဋိ ညာဉ်​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်'' ဟု​ထာ​ဝရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-

ထို​အ​ခါ​မင်း​ကြီး​သည်​ဟာ​မန်​အား``အ​ဝတ် တန်​ဆာ​နှင့်​မြင်း​တော်​ကို​အ​မြန်​ယူ​၍​ယု​ဒ အ​မျိုး​သား​မော်​ဒ​ကဲ​အား​ဂုဏ်​ပြု​ချီး​မြှင့် လော့။ သင်​ပြော​သ​မျှ​အ​တိုင်း​ပြု​လော့။ သူ သည်​နန်း​တော်​အ​ဝင်​ဝ​တွင်​ထိုင်​လျက်​နေ သည်​ကို​သင်​တွေ့​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ ကိုယ်​တော်​ရှင်​သည်​ထူး​တော်​မူ​၍​ကျွန်​တော်​မျိုး​အား အား​သစ်​လောင်း​တော်​မူ​ပါ​၏။

ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ၊ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။

ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။ စိတ်​မ​ပျက်​နှင့်၊ယုံ​ကြည်​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား စွမ်း​အား​ပေး​တော်​မူ​၏။ သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကောင်း​ချီး မ​င်္ဂလာ​ကို​ပေး​တော်​မူ​၏။

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ချစ်​လော့။-

သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။-

ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ သော​ဘု​ရား​သ​ခင်​ကို​ထို​အ​ရှင်​အား​ဖြင့် သင်​တို့​ယုံ​ကြည်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​လျက်​ယုံ ကြည်​ခြင်း​နှင့်​မျှော်​လင့်​ခြင်း​ရှိ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ