Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 31:22

Common Language Bible

ကိုယ်​တော်​ရှင်​သည်​ငါ့​အား​ရှေ့​တော်​မှောက်​မှ နှင်​ထုတ်​တော်​မူ​လေ​ပြီ​ဟူ​၍ ငါ​သည်​ကြောက်​လန့်​စိုး​ရိမ်​မိ​ပါ​၏။ သို့​ရာ​တွင်​အ​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန် ငါ​အော်​ဟစ်​သော​အ​ခါ၊ကိုယ်​တော်​ရှင်​သည် ငါ​၏​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။

ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​မေတ္တာ​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​ပါ။ ကိုယ်​တော်​၏​ထံ​တော်​ပါး​တွင်​ကျွန်​တော်​မျိုး​သည် ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​ခွင့် ရ​ရှိ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ ပါ​နှင့်။ သူ​ယုတ်​မာ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​မ​ရ​ဏာ​နိုင်​ငံ​တွင်​ဆိတ်​ဆိတ် နေ​ရ​ကြ​ပါ​စေ​သော။

ကူ​မ​တော်​မူ​ရန်​ငါ​တောင်း​လျှောက်​သံ​ကို​ကြား တော်​မူ​၏။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​မည်။

ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ပယ်​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ့​ထံ​မှ​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ရုပ်​သိမ်း​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း ငါ​သည်​ကိုယ်​တော်​အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။

ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော်​သည် ကျွန်​တော်​မျိုး​အား​ပြို​လဲ​စေ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ကြောက်​မက်​ဖွယ်​သော တိုက်​ခိုက်​မှု​များ​သည်​ကျွန်​တော်​မျိုး​အား ချေ​မှုန်း​စေ​ပါ​၏။

သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စွန့်​ပစ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​အား​မေ့​လျော့​တော်​မူ​ပါ​ပြီ တ​ကား'' ဟု​ဆို​ကြ​၏။

ငါ​က​လည်း၊``ငါ​၌​မျှော်​လင့်​စ​ရာ​မ​ရှိ​တော့​ပြီ။ ငါ​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။ ငါ​၏​နှုတ်​ထွက်​စ​ကား​မှန်​သ​မျှ​သည်​ညစ်​ညမ်း​၍ ညစ်​ညမ်း​သော​စ​ကား​ကို​သာ​လျှင်​ပြော​ဆို​တတ်​သူ​တို့​အ​ထဲ​တွင်​ငါ​နေ​ထိုင်​ရ​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဘု​ရင်​မင်း​ကို​ဖူး​မြင်​ရ​လေ​ပြီ'' ဟု​ဆို​၏။

ဘု​ရား​သ​ခင်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ထို​အ​ရိုး​များ​နှင့်​တူ ကြ​၏။ သူ​တို့​က​ငါ​တို့​သည်​သွေ့​ခြောက်​လျက် သေ​၍​နေ​လေ​ပြီ။ အ​နာ​ဂတ်​အ​တွက်​မျှော် လင့်​စ​ရာ​မ​ရှိ​တော့​ဟု​ဆို​ကြ​၏။-

အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​မျက်​မှောက်​မှ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သ​ဖြင့်၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​ကို အ​ဘယ်​အ​ခါ​၌​မျှ​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။

တောင်း​သူ​သည်​ရ​လိမ့်​မည်။ ရှာ​သော​သူ​သည် တွေ့​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​သော​သူ​အား တံ​ခါး​ကို​ဖွင့်​ပေး​လိမ့်​မည်။-

ခ​ရစ်​တော်​သည်​လူ့​ဇာ​တိ​နှင့်​သက်​တော်​ထင်​ရှား ရှိ​စဉ်​အ​ခါ​က မိ​မိ​အား​သေ​ခြင်း​မှ​ကယ်​တင် တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​သို့ ကြွေး​ကြော်​ကာ​မျက်​ရည်​ကျ​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ကိုယ်​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ် တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက် ဘု​ရား သ​ခင်​၏​အ​လို​တော်​ကို​ဝန်​ခံ​တော်​မူ​သော ကြောင့်​တည်း။-

ရှော​လု​နှင့်​တပ်​သား​များ​က​တောင်​တစ်​ဘက် တွင်​ရှိ​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​က​အ​ခြား တစ်​ဘက်​တွင်​ရှိ​ကြ​၏။ ရှော​လု​နှင့်​တပ်​သား တို့​သည်​ဒါ​ဝိဒ်​တို့​လူ​စု​အား​ဖမ်း​မိ​ခါ​နီး ပြီ​ဖြစ်​၍ ဒါ​ဝိဒ်​တို့​လူ​စု​သည်​လွတ်​မြောက် ရန်​ကြိုး​စား​နေ​စဉ်၊-

ဒါ​ဝိဒ်​က​လည်း``ယ​နေ့​သင့်​အား​ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-

``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ