ဆာလံ 30:7Common Language Bibleအို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူခဲ့ပါပြီ။ တောင်ပေါ်ရဲတိုက်ကဲ့သို့ကျွန်တော်မျိုးအား လုံခြုံစွာကွယ်ကာတော်မူခဲ့ပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး အား မျက်နှာတော်ကိုလွှဲ၍နေတော်မူစဉ်က ကျွန်တော်မျိုးသည်ကြောက်လန့်ပါ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-