Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 30:2

Common Language Bible

ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊ ကယ်​မ​တော်​မူ​ရန်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ကျွန်​တော်​မျိုး​အော်​ဟစ်​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ ဝေ​ဒ​နာ​ကို​ငြိမ်း​စေ​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​၏​မ​ယား​စာ​ရာ​ကို​သိမ်း​ပိုက်​သည့် ကိစ္စ​ကြောင့် အ​ဘိ​မ​လက်​၏​နန်း​တော်​တွင်​ရှိ သ​မျှ​သော​မိန်း​မ​တို့​သည် သား​သ​မီး​မ​ရ​စေ ခြင်း​ငှာ​ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​၏။ ထို​ကြောင့် အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​အ​တွက် ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​သူ​သည်​ကျန်း​မာ လာ​၏။ သူ​၏​မ​ယား​နှင့်​သူ​၏​ကျွန်​မ​တို့​သည် လည်း သား​သ​မီး​ရ​နိုင်​ရန်​ကျန်း​မာ​လာ​ကြ လေ​သည်။

``ငါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ကို အ​စိုး ရ​သူ​ဟေ​ဇ​ကိ​မင်း​ထံ​သို့​ပြန်​သွား​၍`သင်​၏ ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​၏​ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည်​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည် သင်​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း​စေ​မည် ဖြစ်​၍ သင်​သည်​သုံး​ရက်​ကြာ​သော်​ဗိ​မာန် တော်​သို့​သွား​နိုင်​လိမ့်​မည်။-

ကိုယ်​တော်​သည်​ငါ့​ကို​ကြပ်​တည်း​စွာ ဆုံး​မ​တော်​မူ​သော်​လည်း​သေ​မင်း​၏​လက်​သို့ အပ်​တော်​မ​မူ။

ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ကာ​လ​အစဉ် အ​ဆက် ချီး​မွမ်း​ပါ​မည်။

စိတ်​နှလုံး​ကြေ​ကွဲ​သူ​တို့​ကို​နှစ်​သိမ့်​စေ​တော် မူ​၍ သူ​တို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​ပတ်​စည်း တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​တွင်​အပြစ်​မ​ရှိ​ကြောင်း​ထုတ်​ဖော် ကြေ​ညာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် ကျွန်​တော်​မျိုး​ကို​အ​ကြောင်း​ပြု​၍​နှစ်​ထောင်း အား​ရ​ခွင့်​ကို​ရ​စေ​တော်​မ​မူ​ပါ​နှင့်။

ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​ဖြစ် သ​ဖြင့် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင်​ထာ​ဝ​စဉ်​နေ​ရ​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။

ရွှင်​လန်း​ဝမ်း​မြောက်​သံ​များ​ကို​ကျွန်​တော်​မျိုး​အား ကြား​ခွင့်​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စိတ်​ပျက်​အား​လျော့​စေ​တော်​မူ​သော်​လည်း ကျွန်​တော်​မျိုး​သည်​တစ်​ဖန်​ပြန်​၍​ရွှင်​ပျ​လာ ပါ​လိမ့်​မည်။

ကျွန်​တော်​မျိုး​သည်​မော​ပန်း​နွမ်း​နယ်​လျက်​ရှိ သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ လုံး​ဝ​အင်​အား​ကုန်​ခန်း​လျက်​ရှိ​သ​ဖြင့် ပြန်​လည်​အင်​အား​ပြည့်​စေ​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​အား​ဟစ်​ခေါ်​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ​၏ စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​နာ​ခံ​၍​ငါ နှစ်​သက်​သော​အ​ကျင့်​ကို​ကျင့်​ပြီး ပ​ညတ် သ​မျှ​တို့​ကို​လိုက်​နာ​လျှင်၊ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​အ​ပေါ်​တွင်​ကျ​ရောက်​စေ သော​ရော​ဂါ​မျိုး​များ​ကို သင်​တို့​အ​ပေါ်​တွင် မည်​သည့်​အ​ခါ​မျှ​ကျ​ရောက်​စေ​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​၏​ရော​ဂါ​ကို​ပျောက်​ကင်း စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ