ကိုယ်တော်သည်လေဗနုန်တောင်တို့ကို နွားသူငယ်များကဲ့သို့ခုန်ပေါက်စေတော် မူ၏။ ဟေရမုန်တောင်ကိုလည်းနွားသိုးပျိုကဲ့သို့ ခုန်စေတော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား နွားလားရိုင်းကဲ့သို့သန်စွမ်းစေတော်မူပါပြီ။ ကျွန်တော်မျိုးအားရွှင်လန်းဝမ်းမြောက်ရခြင်း ကောင်းချီးမင်္ဂလာကိုပေးတော်မူပါပြီ။
ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။
(ဟေရမုန်တောင်ကိုဇိဒုန်အမျိုးသားတို့က စိရုန်ဟူ၍လည်းကောင်း၊ အာမောရိအမျိုး သားတို့က ရှနိရဟူ၍လည်းကောင်းခေါ်ဝေါ် သမုတ်ကြ၏။-)
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-