Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 27:8

Common Language Bible

``ငါ့​ထံ​သို့​ချဉ်း​ကပ်​၍​ကိုး​ကွယ်​ဝတ်​ပြု​လော့'' ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​သည်​အ​တိုင်း အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​နန်း​စံ​ချိန်​အ​တွင်း​၌​သုံး​နှစ်​ပတ်​လုံး အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​ဆိုက် ရောက်​လာ​၏။ သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​စုံ​စမ်း​လျှောက်​ထား​ရာ​ထာ​ဝ​ရ ဘု​ရား​က``ရှော​လု​သည်​ဂိ​ဗောင်​မြို့​မှ​လူ​တို့ အား​ကွပ်​မျက်​ခဲ့​သည့်​အ​တွက် သူ​နှင့်​သူ​၏ မိ​သား​စု​တွင်​လူ​သတ်​မှု​အ​ပြစ်​ရှိ​သ​ဖြင့် ဤ​ဘေး​ဆိုး​ကျ​ရောက်​လာ​ခြင်း​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။-

သူ​တို့​သည်​ငါ့​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ​နောင်​တ​ရ​၍​မိ​မိ​တို့​၏​ဒု​စ​ရိုက်​လမ်း ကို​ရှောင်​ကြဉ်​ကြ​လျှင် ငါ​သည်​ကောင်း​ကင်​ဘုံ မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း မည်။ သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍ သူ​တို့​၏​ပြည်​ကို​တစ်​ဖန်​ပြန်​လည်​ဝ​ပြော သာ​ယာ​လာ​စေ​မည်။-

အ​ကူ​အ​ညီ​တောင်း​ခံ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ ရှေ့​တော်​မှောက်​တွင်​အ​စဉ်​အ​မြဲ​နေ​ကြ​လော့။

ကိုယ်​တော်​ရှင်​က​တိ​ရှိ​တော်​မူ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ​ရန် စိတ်​ရော​ကိုယ်​ပါ​တောင်း​လှောက်​ပါ​၏။

ထို​ကဲ့​သို့​သော​သူ​များ​ကား​ဘု​ရား​သ​ခင်​ထံ တော်​သို့ ချဉ်း​ကပ်​သူ​များ၊ ယာ​ကုပ်​၏​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သူ​များ​ပေ​တည်း။

အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​မျိုး​တော်​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက် အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​ပါ​၏။

ငါ​သည်​လျှို့​ဝှက်​၍​မ​ဟော​ပြော။ ငါ​၏​အ​ကြံ​အ​စည်​တော်​ကို​လည်း ထိမ်​ဝှက်​၍​မ​ထား။ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လူ​သူ ကင်း​မဲ့​သည့်​အ​ရပ်​တွင်​ငါ့​ကို​ရှာ​ဖွေ​စေ​သည် မ​ဟုတ်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သစ္စာ​စ​ကား​ကို​ဆို​၍​အ​မှန်​တ​ရား​ကို ဖော်​ထုတ်​တတ်​၏'' ဟု​မိန့်​တော်​မူ​သော အ​ရှင်​ပင်​ဖြစ်​သ​တည်း။

``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​အ​ပြစ် ကို​သိ​၍ ငါ့​ထံ​သို့​ပြန်​လာ​မည့်​အ​ချိန်​ရောက် သည်​အ​ထိ​ငါ​သည်​သူ​တို့​ကို​စွန့်​ပစ်​ထား မည်။ သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​စဉ် ငါ့​အား​ကြိုး​စား​၍​ရှာ​ကြ​လိမ့်​မည်။''

ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​အ​လျင် အ​မြန်​ထ​၍​အ​ထံ​တော်​သို့​သွား​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ