Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 27:12

Common Language Bible

လိမ်​လည်​ခြိမ်း​ခြောက်​သည့်​ရန်​သူ​များ​၏​လက်​တွင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​၍​ထား​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ သူ​ယုတ်​မာ​၏​အ​လို​ဆန္ဒ​ကို ပြည့်​စုံ​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​ဆိုး​ယုတ်​သော​အ​ကြံ​အ​စည်​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။

ကျွန်​တော်​မျိုး​တွင်​အ​ဘယ်​မျှ​ရန်​သူ​များ​ကြောင်း​ကို ကြည့်​တော်​မူ​ပါ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြောင်း​ကို​သိ​မှတ်​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​၏ လက်​တွင်း​သို့​ကျ​ရောက်​စေ​တော်​မ​မူ​ဘဲ လွတ်​လပ်​စွာ​သွား​လာ​နိုင်​ခွင့်​ကို​ပေး​တော်​မူ ပါ​ပြီ။

ဆိုး​ညစ်​သူ​တို့​သည်​ငါ​အ​ဘယ်​အ​ခါ​မျှ မ​ကူး​လွန်​သည့်​ပြစ်​မှု​များ​နှင့်​ငါ့​အား စွပ်​စွဲ​ကြ​၏။

``ငါ​တို့​အ​လို​ဆန္ဒ​ပြည့်​ပြီ၊သူ့​ကို​ငါ​တို့ အ​နိုင်​ရ​ပြီ'' ဟူ​၍​သူ​တို့​ပြော​ဆို​နိုင်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။

ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ ရန်​သူ​တို့​သည်​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​ကျွန်​တော်​မျိုး​ပြို​လဲ​မှု​ကို​အ​ကြောင်း ပြု​ကာ ကြွား​ဝါ​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။

ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား အ​နိုင်​ရ​စေ​တော်​မ​မူ​မည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် နှစ်​သက်​တော်​မူ​ကြောင်း​ကို​ကျွန်​တော်​မျိုး သိ​ရ​ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​၍​သူ​၏​အ​သက်​ကို စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ့​အား​ပြည်​တော်​တွင်​ဝမ်း မြောက်​စွာ နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ရန်​သူ​တို့​၏​လက်​သို့​အပ်​တော်​မူ​မည်​မ​ဟုတ်။

``သူ​တစ်​ပါး​၏​တစ်​ဘက်​၌​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။

တ​ရား​ဇ​ရပ်​များ​တွင်​သူ​တို့​အား​ကြိမ်​ဖန် များ​စွာ​အ​ပြစ်​ဒဏ်​ပေး​စေ​ပြီး​လျှင် သူ​တို့ ၏​အ​ယူ​ဝါ​ဒ​ကို​စွန့်​လွှတ်​ကြ​စေ​ရန်​ကြိုး စား​ဆောင်​ရွက်​ခဲ့​ပါ​၏။ သူ​တို့​အ​ပေါ်​၌ ဒေါ​သ​စိတ်​မွှန်​၍​နေ​သ​ဖြင့် အ​ကျွန်ုပ်​သည် နိုင်​ငံ​ရပ်​ခြား​မြို့​များ​သို့​ပင်​သွား​ရောက် ၍​သူ​တို့​ကို​ညှဉ်း​ဆဲ​ခဲ့​ပါ​၏။''

ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် သ​ခင် ဘု​ရား​၏​တ​ပည့်​တော်​တို့​အား​သတ်​ဖြတ်​ရန် ခြိမ်း​ခြောက်​လျက်​နေ​၏။ သူ​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်၊-

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ခြား​သူ တစ်​ယောက်​အား​ပြစ်​မှု​ကူး​လွန်​သည်​ဟူ ၍​မ​တ​ရား​စွပ်​စွဲ​လျှင်၊-

အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ရှင့်​အား​အ​ကျွန်ုပ်​နှင့် ရန်​သူ​ဖြစ်​အောင်​ပြု​သူ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ခဲ့​သော်​အ​မျက်​တော်​ပြေ​စေ​ရန်​ပူ​ဇော် သ​ကာ​ကို​ဆက်​သ​နိုင်​ပါ​သည်။ အ​ကယ်​၍ ယင်း​သို့​ရန်​သူ​ဖြစ်​အောင်​ပြု​သော​သူ​တို့​မှာ လူ​သား​များ​ဖြစ်​ပါ​မူ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ကြ​ပါ​စေ​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​နယ်​မြေ​မှ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​သာ​ကိုး​ကွယ် နိုင်​သော​နယ်​မြေ​သို့​အ​ကျွန်ုပ်​အား​သူ​တို့ နှင်​ထုတ်​ကြ​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ