Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 26:8

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ဘုန်း​အ​သ​ရေ​တော်​တည်​ရာ တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ရာ အိမ်​တော်​ကို​နှစ်​သက်​မြတ်​နိုး​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မင်း​ကြီး​သည်​ဇာ​ဒုတ်​အား``ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပြန်​၍​ပင့် ဆောင်​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​နှစ်​သက်​တော်​မူ​လျှင် တစ်​နေ့​နေ့​၌​ထို သေတ္တာ​တော်​ကို​လည်း​ကောင်း၊ သေတ္တာ​တော် ကျိန်း​ဝပ်​ရာ​အ​ရပ်​ကို​လည်း​ကောင်း ကြည့်​ရှု​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-

ငါ​သည်​ဤ​သို့​ပေး​လှူ​ခဲ့​သည့်​ပစ္စည်း​အ​လုံး​စုံ တို့​အ​ပြင် မိ​မိ​ကိုယ်​ပိုင်​ရွှေ​နှင့်​ငွေ​တို့​ကို​လည်း ပေး​လှူ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​လွန်​စွာ​မြတ် နိုး​သော​ကြောင့်​ဖြစ်​ပေ​သည်။-

ထို​သို့​ရှော​လ​မုန်​မင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ မိုး​ကောင်း​ကင်​မှ​မီး​လျှံ​ကျ​၍ ပူ​ဇော်​သ​ကာ တို့​ကို​ကျွမ်း​လောင်​သွား​စေ​၏။ ထို​နောက်​ဗိ​မာန် တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော ဘုန်း​အသ​ရေ​တော်​ဖြင့်​ပြည့်​လေ​၏။-

သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်​ကြ။-

ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အိမ်​တော်​ကို​ထောက်​ထား​၍ သင်​၏​စည်​ပင်​သာ​ယာ​မှု​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။

ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကာ​ဘု​ရား​သ​ခင် အား ထော​မ​နာ​ပြု​လျက်​အိမ်​တော်​သို့​သွား​သူ လူ​ပ​ရိ​သတ်​အား ငါ​သည်​ဦး​ဆောင်​ခဲ့​ကြောင်း​ကို​သ​တိ​ရ​သော အ​ခါ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​ပါ​၏။

ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​တစ်​ရက်​မျှ နေ​ရ​ခြင်း​သည် အ​ခြား​သော​အ​ရပ်​တွင်​ရက်​ပေါင်း​တစ်​ထောင် နေ​ရ​ခြင်း​ထက်​သာ​၍​မြတ်​ပါ​၏။ ဘု​ရား​သ​ခင်​၏​အိမ်​တော်​တံ​ခါး​စောင့်​ဖြစ်​ရ ခြင်း​သည် သူ​ယုတ်​မာ​တို့​၏​အိမ်​တွင်​နေ​ရ​ခြင်း​ထက် သာ​၍​မြတ်​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​စောင်း​များ​ကို​တီး​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ သီ​ချင်း​ဆို​ပါ​မည်။ မိ​မိ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​ထော​မ​နာ ပြု​၍ သီ​ချင်း​ဆို​ပါ​မည်။

ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ဗိ​မာန်​တော် သို့​သွား​ရောက်​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ် နိ​မိတ်​လက္ခ​ဏာ​ကို​ထောက်​၍​သိ​ရှိ​နိုင်​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။

ထို​နောက်​ဝိ​ညာဉ်​တော်​သည်​ငါ့​ကို​ချီ​မ​တော် မူ​သော​အ​ခါ ငါ​၏​နောက်​မှ``ကောင်း​ကင်​ဘုံ ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ကို​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​မိုး​ချုန်း​သံ ကဲ့​သို့​ကျယ်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-

သူ​သည်​ယု​ဒ​ဆ​ရာ​တော်​များ​နှင့်​အ​တူ​ထိုင် ကာ​သူ​တို့​၏​တ​ရား​စ​ကား​များ​ကို​ကြား​နာ လျက်၊ သူ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​လျက်​နေ​၏။-

သူ​ငယ်​တော်​က ``အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​ကို​ရှာ ကြ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​ခ​မည်း​တော်​၏​အိမ် တွင်​ရှိ​နေ​ရ​မည်​ကို​မ​သိ​ကြ​ပါ​သ​လော'' ဟု ပြန်​ပြော​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ