Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 26:10

Common Language Bible

ထို​သူ​တို့​သည်​မ​ကောင်း​မှု​ကို​အ​ခါ​ခပ်​သိမ်း ပြု​ကျင့်​လျက် တံ​စိုး​လက်​ဆောင်​ယူ​ရန်​အ​စဉ်​အ​မြဲ အ​သင့်​ရှိ​သူ​များ​ဖြစ်​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။

သူ​သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​စဉ် မ​ကောင်း​မှု​များ​ကို​ကြံ​စည်​တတ်​၏။ သူ​ပြု​ကျင့်​လေ​သ​မျှ​သည်​မ​ကောင်း​မှု သာ​ဖြစ်​၏။ သူ​သည်​ဆိုး​ညစ်​မှု​ကို​အ​ဘယ်​အ​ခါ​မျှ​မ​ပစ် ပယ်။

သင်​သည်​သူ​တစ်​ပါး​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို ကြံ​စည်​တတ်​၏။ သင်​၏​လျှာ​သည်​သင်​တုန်း​ဋ္ဌား​ကဲ့​သို့​ထက်​မြက်​၏။ သင်​သည်​မ​ဟုတ်​မ​မှန်​သည့်​စ​ကား​ကို​အ​စဉ်​ပင် လုပ်​ကြံ​ပြော​ဆို​တတ်​၏။

တံ​စိုး​လက်​ဆောင်​စား​သူ​သည်​အမှန်​တ​ရား​ကို မ​မြင်​နိုင်​သည့်​အ​ပြင် အ​ပြစ်​ကင်း​မဲ့​သူ​ကို ပျက်​စီး​စေ​နိုင်​သော​ကြောင့်​တံ​စိုး​လက်​ဆောင် မ​ယူ​ရ။

အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။

သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။

သင်​တို့​သည်​အ​မှန်​တ​ရား​ကို​ပြော​ဆို​ပြု​ကျင့် ကြ​ပါ​မူ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ပါ​၏။ ဆင်း​ရဲ​သူ​တို့​အား​လိမ်​လည်​လှည့်​ဖြား​ရန်​သင် တို့​၏​တန်​ခိုး​အာ​ဏာ​အ​သုံး​မ​ပြု​ကြ​နှင့်။ တံ​စိုး လက်​ဆောင်​များ​ကို​လည်း​လက်​မ​ခံ​ကြ​နှင့်။ လူ့ အ​သက်​ကို​သတ်​ရန်၊ အ​ခြား​ဆိုး​ညစ်​မှု​များ ကို​ပြု​ရန်​ကြံ​စည်​ကြ​သူ​များ​နှင့်​ပူး​ပေါင်း ဆောင်​ရွက်​မှု​မ​ပြု​ကြ​နှင့်။-

သင်​တို့​သည်​မည်​မျှ​အ​ပြစ်​ကူး​လွန်​ခဲ့​၍ သင်​တို့​အ​ပြစ်​သည်​မည်​မျှ​ကြောက်​စ​ရာ ကောင်း​လှ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​သည် သူ​တော်​ကောင်း​များ​ကို​ညှင်း​ပန်း​၍ တံ​စိုး လက်​ဆောင်​စား​နေ​ကြ​ပြီ။ ဆင်း​ရဲ​သား တို့​အား​တ​ရား​သ​ဖြင့် မ​စီ​ရင်​ဘဲ​သူ​တို့ ကို​ရုံး​တော်​များ​မှ​မောင်း​ထုတ်​ခဲ့​ပြီ။-

သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​လုပ်​ရန်​စိတ် အား​ထက်​သန်​ကြ​၏။ အ​ရာ​ရှိ​များ​နှင့် တ​ရား​သူ​ကြီး​များ​သည် တံ​စိုး​လက်​ဆောင် တောင်း​တတ်​ကြ​၏။ သြ​ဇာ​ရှိ​သော​သူ​၏ အ​လို​ဆန္ဒ​ကို​လိုက်​၍ သူ​တို့​သည်​မ​ကောင်း မှု​ကို​အ​တူ​တ​ကွ​ကြံ​စည်​ကြ​၏။-

နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​၌​ယု​ဒ​အ​မျိုး​သား အ​ချို့​တို့​သည်​တွေ့​ဆုံ​၍ ``ပေါ​လု​ကို​မ​သတ်​ရ မ​ချင်း​ငါ​တို့​မ​စား​မ​သောက်​ဘဲ​နေ​မည်'' ဟု အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ကြ​၏။-

တ​ရား​စီ​ရင်​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​စီ​ရင် ခြင်း၊ မျက်​နှာ​လိုက်​ခြင်း​မ​ပြု​လုပ်​ရ။ တံ​စိုး လက်​ဆောင်​ကို​လည်း​လက်​မ​ခံ​ရ။ တံ​စိုး​လက် ဆောင်​သည်​ပ​ညာ​ရှိ​နှင့်​ဖြောင့်​မတ်​သူ​တို့​၏ မျက်​စိ​ကို​ဖုံး​ကွယ်​စေ​၍ မှား​ယွင်း​စွာ​အ​ဆုံး အ​ဖြတ်​ချ​မှတ်​စေ​တတ်​၏။-

သို့​ရာ​တွင်​အ​ဖ​၏​လမ်း​စဉ်​ကို​မ​လိုက်​ကြ။ ငွေ​ကြေး​ရ​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား သ​ဖြင့် တံ​စိုး​လက်​ဆောင်​ယူ​ကာ​အ​မှု​များ ကို​မ​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ