Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 25:4

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​နည်း​လမ်း​တော်​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ယင်း​တို့​ကို​ကျွန်​တော်​မျိုး​အား​သိ​ရှိ​နား​လည် စေ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော​လမ်း​မှန်​ကို​ညွှန်​ပြ​တော် မူ​ပါ။ ထို့​နောက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး​သ​နား​တော်​မူ သည့်​ပြည်​တော်​တွင်​မိုး​ရွာ​စေ​တော်​မူ​ပါ။''

ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​နား​လည် နိုင်​ရန် ကွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အံ့​သြ​ဖွယ်​ကောင်း​သည့်​သွန်​သင်​ခက် တို့​ကို ဆင်​ခြင်​ပါ​မည်။

နံ​နက်​ချိန်​တိုင်း​၌​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို သ​တိ​ရ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ပြု​စေ​လို​သော​အ​မှု​အ​ရာ​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ လမ်း​၌ ပို့​ဆောင်​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​မြွက်​ဆို​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​မြည်​တမ်း​သံ​များ​ကို​ကြား​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။ ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန် ကျွန်​တော်​မျိုး​အား​လမ်း​ပြ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် လိုက်​လျှောက်​စေ​လို​သည့်​လမ်း​ကို ဖြောင့်​ဖြူး​စေ​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပြု​စေ တော်​မူ လို​သည့်​အ​တိုင်း​ညွှန်​ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​သစ္စာ​နှင့်​လိုက်​နာ​ဆောင် ရွက်​ပါ​မည်။ ကိုယ်​တော်​ရှင်​အ​မှု​တော်​ကို​မ​မှိတ်​မ​သုန် ဆောင်​ရွက်​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နှစ်​သက်​တော် မူ​ပါ​လျှင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​၍၊ စိတ်​တော်​နှင့်​တွေ့​နိုင်​စေ ရန်၊ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​များ​ကို ဖော်​ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည်​ကိုယ်​တော် ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။''

ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍၊

သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား``လမ်း​ဆုံ​လမ်း​ခွ​တို့​တွင်​ရပ်​၍​ကြည့် ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို​စုံ​စမ်း ရှာ​ဖွေ​ကြ​လော့။ အ​ကောင်း​ဆုံး​သော​လမ်း အ​ဘယ်​မှာ​နည်း​ဟု​မေး​မြန်း​၍ ထို​လမ်း​သို့ လိုက်​လျှင်​သင်​တို့​၏​ဝိ​ညာဉ်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​တို့​က``ထို​လမ်း​ကို အ​ကျွန်ုပ် တို့​မ​လိုက်​လို​ပါ'' ဟု​ပြန်​ပြော​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ