Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 24:10

Common Language Bible

ထို​ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား​စစ်​ပွဲ တွင် အောင်​မြင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည်၊ သင်​၏​ခင်​ပွန်း​ပ​မာ​သင့်​အား​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​၏​နာ​မ​တော်​ကား၊အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​သော ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို အ​စိုး​ရ​တော်​မူ​ပါ​သည်​တ​ကား။

``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။-

ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ယာ​တော်​ဘက် တွင်​ရှိ​သော​သူ​တို့​အား `ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သူ​တို့၊ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍​သင်​တို့​အ​တွက်​ပြင်​ဆင်​ထား​တော်​မူ​သည့် နိုင်​ငံ​တော်​ကို​ခံ​ယူ​ကြ​လော့။-

မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါဒ​ကြောင့်​ရှက် လျှင်​လူ​သား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ၊ ခ​မည်း တော်​၏​ဘုန်း​အ​သ​ရေ၊ သန့်​ရှင်း​သော​ကောင်း​ကင် တ​မန်​များ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ​ထို​သူ​ကြောင့်​ရှက်​တော်​မူ လတ္တံ့။-

သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ