ကျွန်တော်မျိုး၏အရိုးများအားလုံးပင် ပြိုင်းပြိုင်း ပေါ်လာပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးကိုအားရ ဝမ်းသာစွာ စူးစိုက်၍ကြည့်ကြပါ၏။
အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။
လူအများပင်သူ့ကိုတွေ့မြင်သောအခါ လိပ်ပြာလန့်၍သွားကြ၏။ သူသည်လွန်စွာရုပ်ပျက်ဆင်းပျက်ဖြစ်၍နေ သဖြင့် လူနှင့်ပင်မတူတော့။
ထိုနောက်ထိုင်၍ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။-
လူပရိသတ်ကြီးသည်နောက်တော်မှလိုက်ကြ၏။ အမျိုးသမီးအချို့တို့သည်မိမိတို့ရင်ကို တီးခတ်ငိုကြွေးလျက်လိုက်ကြ၏။-
လူပရိသတ်သည်ရပ်လျက်ကြည့်နေကြ၏။ ယုဒခေါင်းဆောင်များသည် ``ဤသူသည်အခြား သူများအားကယ်တင်၏။ အကယ်၍ဘုရားသခင် ရွေးချယ်တော်မူသောမေရှိယဖြစ်ပါမူ မိမိကိုယ် ကိုကယ်တင်ပါလေစေ'' ဟုဆို၍ပြောင်လှောင် ကြ၏။-